ပုဒ်မ ၁၈- ထောင်ဒဏ်သုံးလနဲ့ ကိုထင်ကျော်
2014.06.04
"ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အဖွဲ့" ခေါင်းဆောင် ကိုထင်ကျော်ကို စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ (၁၈) နဲ့ ကျောက်တံတားမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ်သုံးလ ချမှတ်လိုက်ပါတယ်။ ဇွန်လ ၃ ရက် မနေ့ကလည်း လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတဲ့အပေါ် ဆန္ဒပြမှုနဲ့ ဖမ်းဆီးထားတဲ့ ဦးဝင်းချိုနဲ့ ကိုဝေဠု တို့ကို တရားမဝင် စီတန်းလှည့်လည်တဲ့ ပုဒ်မ (၁၈) နဲ့ ကျောက်တံတားမြို့နယ်တရားရုံးမှာ ငါးကြိမ် မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက စုစည်းတင်ပြထားပါတယ်။