ရခိုင်အကြံပြုချက် ညှိနှိုင်း အစည်းအဝေး
2018.04.21
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအတိုင်း အစိုးရက အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ ဧပြီလ ၂ဝ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးမှာ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကို ပိတ်သိမ်းပြီး ပြန်လည်နေရာချထားရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားပါတယ်။