ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ သတင်းစာရှင်းလင်းပွဲ


2016.08.25

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲမှာ ထိုက်သင့်တဲ့ အောင်မြင်မှုရရှိအောင် ကြိုးစားသွားမယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌသစ် ဦးသန်းဌေးက ပြောပါတယ်။ နေပြည်တော်မှာ လေးရက်ကြာ ကျင်းပခဲ့တဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ညီလာခံမှာ အရင် ဥက္ကဌဟောင်း ဦးသိန်းစိန်နဲ့ ပုဂ္ဂိုလ် ၈ ဦးကို ဗဟိုနာယကအဖွဲ့အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ဗဟိုအတိုင်ပင်ခံအဖွဲ့နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ကိုလည်း ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ နေပြည်တော်က ပါတီဌာနချုပ်မှာ ဒီနေ့ ကျင်းပတဲ့ ပါတီဥက္ကဌသစ် ဦးသန်းဌေးနဲ့ ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေရဲ့ သတင်းစာရှင်းလင်းပွဲ အကြောင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က ကောက်နှုတ်တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။