ရန်ကုန်နဲ့ စက်ဘီး
2020.04.03
အခုနှစ်ပိုင်းတွေအတွင်း ရန်ကုန်မြို့မှာ စက်ဘီး အသုံးပြုသူတွေ များလာနေပါတယ်။ မြို့တွင်းမှာ ကားလမ်းတွေ အမြဲလိုလို ပိတ်ဆို့နေတဲ့အတွက် နေ့စဉ် အလုပ်သွားအလုပ်ပြန်မှာ လိုင်းကားထက် စက်ဘီးကို အားထားလာကြတာပါ။
ကားတွေကြားမှာ နေ့စဉ်သွား နေရပေမယ့် မတော်တဆဖြစ်လာမယ့် အန္တရာယ်အတွက် ဦးထုပ်ဆောင်းသူက အတော်ရှားပါတယ်။ စနစ်တကျ စက်ဘီးစီးသူတွေကတော့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေ လိုက်နာကြဖို့နဲ့ ဦးထုပ်ဆောင်းကြဖို့ တိုက်တွန်းနေပါတယ်။
RFA သတင်းထောက် ကိုသန့်ဇင်ဦး တင်ပြထားပါတယ်။