ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ရန်ကုန်မြို့လယ်ခေါင် ဆန္ဒပြ
2021.02.22
ရန်ကုန်မြို့လယ်ခေါင်မှာ ဆန္ဒပြသူတွေနဲ့ ကြိတ်ကြိတ်တိုးနေပါတယ်။ ဆန္ဒပြသူတွေဟာ အရပ်သားအစိုးရကို အာဏာပြန်ပေးဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံ ဖျတ်သိမ်းဖို့နဲ့ ဒီမိုကရေစီရရှိရေးကို ကြွေးကြော်တောင်းဆိုနေပါတယ်။ ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ ထိုင်သပိတ် ကျင်းပနေပါတယ်။ ရဲဝန်ထမ်းတွေကတော့ မြို့တော်ခန်းမတဝိုက်မှာ နေရာယူထားပါတယ်။