အကျဉ်းသား သံဃာတော်တွေ ကူညီနေတဲ့ ဒေါ်ရှု ပြည်သူ့ဂုဏ်ရည်ဆု ရရှိ
2011.05.16

Photo: RFA
အမေရိကန် နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ မေလ ၁၅ ရက် မနေ့က ကျင်းပတဲ့ ပြည်သူ့ ဂုဏ်ရည်ဆု ရွေးချယ် ချီးမြင့်ပွဲ အခမ်းအနားမှာ ကြေညာခဲ့ပါတယ်။ အခုလို သူ့ကို ရွေးချယ်လိုက်တာနဲ့ ပတ်သက်ပြီး ဒေါ်ရှုက RFA က တဆင့် ကျေးဇူးတင်စကား ပြောကြားပါတယ်။
"ဆုရတော့လေ၊ ကျမကို ပေးတာ မဟုတ်ဘဲ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းကျနေတဲ့ သံဃာတွေနဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို ပေးတယ်လို့။ ပိုပြီးတော့ ဖောဖောသီသီ လှူနိုင်တော့မှာမို့ ကျေးဇူးလည်းတင်တယ်။ ဝမ်းလည်းသာတယ်"
ပြည်သူ့ဂုဏ်ရည်ဆုကို မြန်မာနိုင်ငံတွင်းမှာ လူမှုရေးလုပ်ငန်းတွေ အားကြိုးမာန်တက် ဆောင်ရွက်နေသူတွေကို နိုင်ငံတကာမှာ ရှိတဲ့ မြန်မာ မိသားစုတွေက အင်တာနက် အွန်လိုင်းကနေ မဲစနစ်နဲ့ ရွေးချယ် ချီးမြှင့်တာ ဖြစ်ပါတယ်။
ဒီနှစ်မဲပေးသူ စုစုပေါင်း ၂ သိန်းခွဲမှာ ဒေါ်ရှုက ၄၄ ရာခိုင်နှုန်း မဲအများဆုံးနဲ့ ၂၀၁၁ ခုနှစ် ပြည်သူ့ ဂုဏ်ရည်ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဆုအတွက် အမေရိကန် ဒေါ်လာ ၁ သောင်း ချီးမြင့်မှာ ဖြစ်တယ်လို့သိရပါတယ်။
ပြည်သူ့ ဂုဏ်ရည်ဆုကို ၂၀၁၀ ခုနှစ်မှာ စတင် ချီးမြင့်တာ ဖြစ်ပြီး ပထမဆုံး အကြိမ် အဖြစ် နာရေး ကူညီမှု အသင်း ခေါင်းဆောင် ရုပ်ရှင် သရုပ်ဆောင် ကိုကျော်သူကို ရွေးချယ်ပြီး အမေရိကန် ဒေါ်လာ ၇ ထောင် ချီးမြင့်ခဲ့ပါတယ်။
အမေရိကန်ု နိင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပတဲ့ ပြည်သူ့ ဂုဏ်ရည်ဆု ချီးမြှုင့်ပွဲ အကြောင်း အပြည့်အစုံကို RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ ဆက်လက် နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |