၇၄၊ ၇၅၊ ၇၆ ကျောင်းသား လှှုပ်ရှားမှှု နှစ်ပတ်လည်နေ့ ကျင်းပ
2014.06.06

၁၉၇၄ ခုနှစ် ဇွန်လ ၆ ရက်နေ့ကဖြစ်ခဲ့တဲ့ အလုပ်သမား သပိတ် အပါအဝင် ဦးသန့်အရေးအခင်း၊ ကျောင်းသား သပိတ်နဲ့မှိုင်းရာပြည့် အရေးအခင်းတွေအတွက် နှစ် ၄၀ မြောက်အခန်းအနားကို ရန်ကုန်မြို့တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဒီနေ့မနက် ၉ နာရီခွဲမှာ စတင်ပြု လုပ်မယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ၇၅ ဇွန် ကျောင်းသားအရေး အခင်းမှာ ဦးဆောင်ပါဝင်ပြီး ထောင် ၇ နှစ်ချမှတ်ခံခဲ့ရတဲ့ ဦးကျော်အောင်က RFA ကိုပြောပါတယ်။
"၁၉၇၄ ခု ဇွန်လ ၆ ရက်နေ့ကတော့ အလုပ်သမား အရေးအခင်းပေ့ါ အလုပ်သမားအရေးအခင်းပြီးတဲ့ အခါမှာကျတော့ ဒီဇင်ဘာမှာ ဦးသန့် အရေး အခင်းဖြစ်တယ်၊ ၇၅ ဇွန်မှာ အလုပ်သမားအရေး အခင်း နှစ်ပတ်လည်ခေါ် ရွှေတိဂုံ အရေးအခင်းဖြစ် တယ်၊ နောက်တခါ ၇၆ မတ်လမှာ မှှိုင်းရာပြည့် အရေးအခင်းဖြစ်တယ်၊ အရေးအခင်း ၄ ခုလုံးကို ပေါင်းပြီးတော့ နှစ်ပတ်လည်အခမ်းအနားဆိုတဲ့ အကြောင်းပြုလုပ်တာဖြစ်ပါတယ်"
ဦးနေဝင်းဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ရဲ့ ဖိနှိပ်မှုနဲ ့အထွေထွေအကြပ်အတည်း ကြောင့် မြစ် ငယ်အလုပ်သမားသပိတ်ကနေစပြီး တပြည်လုံးမှာရှိတဲ့အလုပ်သမားတွေက ၁၉၇၄ ခုနှစ် ဇွန်လမှာ သပိတ်မှောက် ခဲ့ကြတာကို မဆလအစိုးရကပစ်ခတ်နှိမ်နင်းလို့ အလုပ်သမားပေါင်းရာနဲ့ချီပြီး သေဆုံးခဲ့တယ်လို့ သပိတ်မှာပါဝင် သူတွေကပြောပါတယ်။
ဦးကျော်အောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။