မန္တလေးလူမှုရေးလုပ်ငန်း ၈၈ ကျောင်းသားများ သွားရောက် လှူဒါန်း
2012.07.29

"ကျနော်တို့က ဒေသတော်တော်များများကို ရောက်တဲ့အခါမှာ ဒေသခံတွေနဲ့ လူမှုရေး အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ချက်တွေ၊ နောက်ပြီးတော့ သူတို့လုပ်နေတဲ့ လုပ်ငန်းတွေမှာ လိုအပ်ချက်တွေကို တွေ့ဆုံပြီး စကားပြောတဲ့အခါမှာ အဲဒီအချက်အလက်တွေကို တွေ့ရတယ်။ တိုင်းပြည်မှာ တကယ့်ကို ပညာရေးနဲ့ ကျန်းမာရေး ကိစ္စတွေမှာ အစိုးရကနေပြီးတော့ ဝင်ရောက် အားဖြည့်နိုင်မှုတွေ ဘယ်လောက် လျော့နည်းနေလဲ ဆိုတာလည်း ပေါ်လွင်သွားတယ်။ နောက်တချက်က ဒေသခံ အရပ်ဘက် အဖွဲ့အစည်းတွေက နေပြီးတော့ မိမိတို့ ဝန်းကျင်မှာ ရှိတဲ့ ပြည်သူလူထု အကျိုးစီးပွားအတွက် လုပ်ငန်းတွေ လုပ်ဆောင်နေရာမှာ အရှိန်ရအောင်လည်း ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေ အနေနဲ့ တတ်နိုင်သလောက် ကျနော်တို့ ရုံးကို လာရောက် ဆက်သွယ်လာတဲ့ အလှူရှင်တွေနဲ့ ကျနော်တို့က သဘောထားတွေ ရှင်းပြပြီးတော့ လိုအပ်ချက်တွေကို သတင်းအချက်အလက်တွေ ပေးပြီးတဲ့အခါမှာ သူတို့ရဲ့ လုပ်ငန်းတွေ အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးလိုက်တယ်။"
အောင်မြေသာစံမြို့နယ်က ပင်လယ်တိုက်၊ ရွှေမန်းအုတ်ကျောင်း၊ နှလုံးလှပင်လယ် ကုသိုလ်ဖြစ် ဆေးခန်းနဲ့ ဘုန်းတော်ကြီးသင် အခမဲ့ ပညာဒါန စာသင်ကျောင်းမှာ ဆေးခန်းသုံးနဲ့ ကျောင်းသုံးပစ္စည်းတွေကို သွားရောက်လှူဒါန်းခဲ့တယ်လို့ ကိုပြုံးချိုက ပြောပါတယ်။
ဒါအပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်ရုံးကိုလည်း သွားရောက်ပြီး အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။