ရခိုင်ပြည်နယ်အတွက် ငြိမ်းချမ်းရေး ဆုတောင်းပွဲ

နိုင်ငံရေးပါတီတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ လူမူရေးအဖွဲ့အစည်းတွေ ပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ နိုဝင်ဘာလ ၁ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

2012.11.01
88-students-press-b305 အကျဉ်းထောင်အသီးသီးမှ ပြန်လည် လွတ်မြောက်လာကြသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ သတင်းစာရှင်းလင်းပွဲကို ၂ဝ၁၂ ဇန်နဝါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်စင်တာတွင် ပြုလုပ်စဉ်။
Courtesy of The Messenger NewsJournal

အဲဒီဆွေနွေးပွဲဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းစေဖို့ အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ ၈၈မျုးိဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပဋိပက္ခတွေကို ချဉ်းကပ်ရာမှာ ဘာသာရေးအယူဝါဒတွေထက် လူသားတွေအဖြစ် ရှုမြင်ပြီး ဖြေရှင်းကြဖို့ကို မေတ္တာရပ်ခံလိုက်ပါတယ်။

အလားတူူ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တတ်ရောက်ဆွေးနွေးခဲ့တဲ့ ဇေယျာမဏ္ဍိုင်ကျောင်းတိုက်ဆရာတော် ဦးဝီရိယကလည်း ရခိုင်အရေးနဲ့ ပတ်သက်ပြီး လူမျိုးစွဲဝါဒတွေ မထားကြဖို့ကို တိုက်တွန်း ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို ရဟန်းသံဃာတော်တွေ၊ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ ရှေ့နေကွန်ရက်အဖွဲ့ဝင်တွေ၊ ရန်ကုန်မြို့က ရခိုင်တိုင်းရင်းသားတွေ၊ မွတ်ဆလင်ဘာသာဝင်တွေနဲ့ နိုင်ငံရေးပါတီအသီးသီးက တာဝန်ရှိသူတွေအပါအဝင် လူ (၅၀၀) ကျော်တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲအပြီးမှာ တတ်ရောက်ခဲ့တဲ့ အဖွဲ့အစည်းတွေ အားလုံးက အတည်ပြုတဲ့ အချက်( ၃) ချက်ပါ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ကြေငြာချက်ထဲမှာ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရပိုင် မီဒီယာတွေ၊ ပုဂ္ဂလိကပိုင်မီဒီယာတွေမှာ ပွင့်ပွင့်လင်းလင်း ရေးသားဖော်ပြသွားဖို့၊ ဒီကနေ့လို ကျင်းပတဲ့  ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အစိုးရက တာဝန်ရှိသူတွေ ပါဝင်ဆွေးနွေးပေးဖို့၊ လက်ရှိ ပဋ္ဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ စတဲ့ အချက်တွေကို ဖော်ပြထားပါတယ်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးကို အာအက်ဖ်အေ ဝိုင်းတော်သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။