AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀ လောက် ထွက်ပြေး


2018.12.11
butheetaung-refugees-622.jpg AA နဲ့ တပ်မတော် တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ် စည်တောင်ရွာကို ၂၀၁၈ ဒီဇင်ဘာလ ၁၁ ရက်နေ့က ထွက်ပြေးလာတဲ့ ကံပြင်ရွာသားတွေကို တွေ့ရစဉ်
Photo: Mg Soe Than

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာအနီးမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေကြောင့် လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိနေတဲ့အတွက် ကံပြင်ကျေးရွာက လူဦးရေ ၂၀၀ လောက်ဟာ စည်တောင်ကျေးရွာကို ဒီနေ့ ထွက်ပြေးရောက်ရှိလာကြတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

ရွာထဲကိုလည်း ကျည်ဆံတွေ ကျရောက်လာတာကြောင့် ထွက်ပြေးလာကြတာလို့ သိရပါတယ်။

ကံပြင်ကျေးရွာသားတွေဟာ စပါးထား၊ ဆင်ခုံးတိုင် ကျေးရွာတွေဘက်ကိုလည်း ထွက်ပြေးရောက်ရှိနေကြတယ်လို့ အကူအညီတွေပေးနေတဲ့ စည်တောင်ရွာခံ ဦးမောင်သိန်းယဉ်က ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ၃ ရက်လောက်ကတည်းက လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေကို နေ့စဉ်ကြားနေရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်သံတွေကို အနီးကပ်ကြားနေကြတာကြောင့် စည်တောင်ရွာမှာရှိတဲ့ စာသင်ကျောင်းကို ဒီနေ့ နေ့လယ်က ပိတ်ထားလိုက်ရတယ်လို့ ရွာခံတွေကပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ဖားဝပ်ချောင်းကျေးရွာအနီးမှာလည်း လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ကျေးရွာသား ၄၀ ကျော်ဟာ အထက်သင်ပုန်းကျေးရွာမှာ ထွက်ပြေးခိုလှုံနေကြရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။