ပုဏ္ဏားကျွန်းမြို့မရဲစခန်းကို သိမ်းလိုက်ကြောင်း AA ကြေညာ
2024.02.22
မင်းပြားမြို့နယ်က စစ်ကောင်စီရဲ့ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို အပြီးသိမ်းနိုင်ရေးငါးရက်မြောက်အဖြစ် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်းဆိုပါတယ်။
ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့တွေမှာရှိတဲ့ လက်နက်ချအညံ့မခံသေးတဲ့ စစ်ကောင်စီရဲ့ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်တွေကို အပြီးသတ်သိမ်းပိုက်ရယူဖို့ ထိုးစစ်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ရမ်းဗြဲမြို့ကိုလည်း စစ်ကောင်စီဘက်က အရင်နေ့တွေလို လေကြောင်းကနေ ဂျက်တိုက်လေယာဉ်တွေ၊ Y12 လေယာဉ်တွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း AA ကပြောပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်နေတယ်ဆိုတာနဲ့ ပုဏ္ဏားကျွန်းမြို့မရဲစခန်း အသိမ်းခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ရက္ခိုင့်တပ်တော် (AA) ဟာ ချင်းပြည်နယ် ပလက်ဝမြို့ အပါအဝင် ရခိုင်ပြည်နယ်က ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံနဲ့ တောင်ပြို စတဲ့ မြို့ ခုနစ်မြို့ကို သိမ်းယူထားပါတယ်။