မြန်မာလေဆိပ်ဝန်ထမ်းများ ANA က လေ့ကျင့်ပေးမည်
2015.11.19

မြန်မာနိုင်ငံက လေဆိပ်ဝန်ထမ်းတွေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ လုပ်ငန်းများ ဆောင်ရွက်နိုင်အောင် ဂျပန်နိုင်ငံက ANA လေကြောင်း ကုမ္ပဏီက ခေါ်ယူသင်တန်းပေးဖို့ စီစဉ်နေပါတယ်။
မြန်မာနိုင်ငံ လေဆိပ်တွေက ဝန်ထမ်း ၁၅ဦးကို ပထမအသုတ်အနေနဲ့ လာမယ့် သီတင်းပတ်အတွင်း ပထမအသုတ်အနေနဲ့ ဂျပန်နိုင်ငံ နာရီတာလေဆိပ်မှာ တစ်နှစ်တာသင်တန်းပေး မှာဖြစ်ပါတယ်။ သင်တန်းမှာ ခရီးသည်တင်နဲ့ ကုန်တင်လေယာဉ်များကို လေကြောင်းထိန်းသိမ်းရေး လမ်းညွှန်မှုတွေ ပါဝင်မှာဖြစ်ပါတယ်။
ဒီဆောင်ရွက်ချက်ဟာ ရန်ကုန် နိုင်ငံတကာလေဆိပ်မှာ ခရီးသည်တင်လေယဉ်များ သုံးနှစ် အတွင်း နှစ်ဆကျော်တိုးတက် များပြားလာတဲ့ အခြေအနေအရ၊ လိုအပ်ချက်ကို ANA လေကြောင်းလိုင်းက စီစဉ်ပေးတာဖြစ်ပါတယ်။
ဒီအတောအတွင်း မြန်မာနိုင်ငံက လေကြောင်းခရီးစဉ်တွေ တိုးချဲ့လျက်ရှိရာမှာ MAI မြန်မာ့လေကြောင်း က ဒီဇင်္ဘာလကုန်ပိုင်းကစပြီး ရန်ကုန်-မန္တလေး ကူမင်း (တရုတ်ပြည်) ခရီးစဉ်ကို စတင်ပြေးဆွဲမှာဖြစ်ပါတယ်။ ဒီအစီအစဉ်အတွက် Airbus အမျိုးအစား A-319 ခရီးသည်တင် လေယာဉ်ကြီးတွေကို အသုံးပြုမှာဖြစ်ပါတယ်။