မာန်အောင်မြို့နယ် ၂၄ နာရီ မီးရရေးလက်မှတ်များ စုဆောင်းကောက်ယူ
2015.03.08

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တစ်ခုလုံးမှာ ၂၄ နာရီ လျှပ်စစ်မီးရရှိဖို့ တောင်းဆိုတဲ့ ဒေသခံတွေရဲ့ လက်မှတ်တွေကို နိုင်ငံတော်သမ္မတထံ ပေးပို့ဖို့အတွက် ရခိုင်အမျိုးသားပါတီ ANP က စုဆောင်းနေပါတယ်။
ဒီလ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ကောက်ယူထားတဲ့ လက်မှတ်တွေကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထံ ပေးပို့တောင်းဆိုသွားမယ်လို့ မာန်အောင်မြို့နယ် ရခိုင် အမျိုးသားပါတီ ANP ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မ တီဝင် ဦးတင်ရွှေက ပြောပါတယ်။
" မီးရရေးအတွက် ကျနော်တို့လက်မှတ်ထိုးပြီး လွှတ်တော်နဲ့ သမ္မတကိုတင်ပြမယ်လေ၊ လက်မှတ်တွေကတော့ ကျနော်တို့လောလောဆယ် တစ်သောင်းလောက်တော့ ရထားတယ်လေ၊ ၁၅ ရက်နေ့ကိုတော့ ကျနော်တို့နောက်ဆုံးကောက် ယူမယ် "
မာန်အောင်မြို့မှာ တစ်နေ့ အချိန် ၆ နာရီခွဲလောက်သာ အစိုးရက လျှပ်စစ်မီး ဖြန့်ဝေပေးပြီး ယူနစ် ၂၀ အထိ တစ်ယူ နစ် ငွေ ၃၅ ကျပ်နှုန်း နဲ့ ကောက်ခံပေမယ့် ယူနစ် ၂၀ အထက်ဆိုရင် တစ်ယူနစ်ကို ကျပ် ၄၀၀ အထိ ပေးဆောင်နေ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အစိုးရတာဝန်ရှိသူတွေကတော့ မာန်အောင်မြို့နယ်ဟာ ကျွန်းပေါ်မှာရှိတာကြောင့် မဟာဓာတ်အားလိုင်းကနေ လျှပ်စစ် မီးသွယ်တန်းဖို့အခက်အခဲရှိတဲ့ အတွက် လေအားကနေ လျှပ်စစ်မီးကို ထုတ်လုပ်ဖြန့်ဝေပေးသွားမယ်လို့ ပြီးခဲ့တဲ့နှစ်က ထုတ်ဖော်ပြောကြားထားပါတယ်။