အေပီ ဒေါ်အေးအေးဝင်း အနားယူပြီ


2015.08.01

မြန်မာနိုင်ငံဆိုင်ရာ အေပီ သတင်းဌာန အကြီးအကဲ ဒေါ်အေးအေးဝင်း ဟာ ၂၅ နှစ်ကြာ တာဝန်ထမ်းဆောင် ပြီးနောက် မနေ့က အနားယူလိုက်ပါပြီ။

ကွယ်လွန်သူ သူ့ဖခင် အေပီဦးစိန်ဝင်းရဲ့ သတင်းထောက်အမွေကို ဆက်ခံခဲ့တဲ့ ဒေါ်အေးအေးဝင်း ဟာ သတင်းလွတ်လပ်ခွင့်အတွက် မားမားမတ်မတ် တိုက်ပွဲဝင်သူတစ်ဦးအဖြစ် ထင်ရှားသလို သတင်းပညာဆိုင်ရာ ဆုအများအပြား ရရှိခဲ့သူပါ။

အေပီ သတင်းဌာနက အနားယူလိုက်ပြီဖြစ်ပေမယ့် သတင်းလောကမှာ သူဆက်လက်ရှင်သန်နေမှာပါပဲ လို့ ဒေါ်အေးအေးဝင်း က RFA ကိုပြောဆိုခဲ့ပါတယ်။

"တကယ်တော့ ပြောမယ်ဆိုလို့ရှိရင်တော့ အခုအခါမှာ AP က နားတာပေါ့နော်၊ နှစ်ပေါင်း ၂၆ နှစ်နီးပါးလည်း အလုပ်လုပ်လာခဲ့ပြီ၊ ကျမ ကိုယ်ပိုင်အချိန်လေးနည်းနည်းမှာ လုပ်ချင်တာလေးတွေ ရှိတဲ့အတွက်ကြောင့် နားတာပါ၊ အဲ့ဒီတော့ AP က နားတဲ့အတွက်ကြောင့် တကယ်တန်းတော့ သတင်းထောက်ဆိုတာ ဘယ်တော့မှ ရပ်နားသွားတယ်ဆိုတာမရှိဘူး၊ သတင်းထောက်က အမြဲတမ်းသတင်းထောက်ပါပဲ အဲ့လိုပဲပြော ရမှာပေါ့"

Women’s Media Foundation က ၂ဝဝ၈ ခုနှစ်အတွက်ပေးအပ်တဲ့ “သတင်းထောက်အားမာန်” ဆု ချီးမြှင့်ပွဲမှာ ဒေါ်အေးအေးဝင်းက သတင်းထောက်ဆိုတာ သတင်းမှန်တွေကို ဖော်ထုတ်ပြောဆိုခြင်း မရှိအောင် ဟန့်တားချင်သူတွေကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိဖို့လိုတယ်လို့ သူအခိုင်အမာ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။