တပ်ကထိန်းသိမ်းထားတဲ့ အမ်းမြို့နယ် ဒလက်ချောင်းရွာသားတွေ ပြန်လွတ်မြောက်လာ


2020.05.21
ann-622.jpg အမ်းမြို့နယ်အဝင်ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်းအုပ်စု အလယ်ကျွန်းရွာက ဖမ်းဆီးခံထားရတဲ့ ရွာသား လေးဦးကို တပ်မတော်က ဒီနေ့မနက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်သလို မနေ့ညကလည်း ဒလက်အနောက်ရွာက ကျောင်း ဆရာ ဦးထွန်းခင် အပါအဝင် လူလေးဦး ကိုလည်း ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေနဲ့ ကျေးရွာသားတွေက ပြောပါတယ်။

အလယ်ကျွန်းကျေးရွာက ပြန်လည်လွတ်မြောက်လာတွေရဲ့ ပြောဆိုချက်အရ သူတို့ကို စစ်ဆင်ရေးနယ် မြေထဲမှာ ရှိနေလို့ ခေတ္တထိန်းသိမ်းထားတာဖြစ်ကြောင်းနဲ့ ရပ်ရွာထဲမှာ အေအေအဖွဲ့ရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ မေးမြန်းခဲ့တယ်လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့မေလ ၁၇ ရက်နေ့က အလယ်ကျွန်းကျေးရွာကနေ ငါးရှာသွားရင်း ပျောက်ဆုံးနေသူတစ်ဦးကို မေလ ၁၈ ရက်နေ့မှာ ကျေးရွာသားတွေနဲ့ ဆွေမျိုးတွေက သွားရှာကြရာမှာ ဖမ်းဆီးခံရတာဖြစ်သလို ဒလက်အနောက်ရွာက လူ ငါးဦးဟာလည်း သီဟိုစေ့ဝယ်ဖို့သွားရင်း လမ်းခုလတ်မှာ ဖမ်းဆီးထိန်းသိမ်းခံရတာပါ။

အခုလို ဒေသခံ စုစုပေါင်း ၁၉ ဦးဖမ်းဆီးခံထားရတာနဲ့ ပတ်သက်လို့ RFA က မနေ့ကသတင်းထုတ်လွှင့်ခဲ့ပြီး နောက်ပိုင်း အဲဒီအထဲက လူ ရှစ်ဦး ပြန်လည်လွတ်မြောက်လာကြတာလည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။