ကွတ်ခိုင်မြို့နယ်မှာ ကေအိုင်အိုနဲ့ အစိုးရတပ် တိုက်ပွဲဖြစ်ပွား


2015.10.26
army-620.jpg ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ ကင်းလှည့်နေတဲ့ အစိုးရစစ်သားတွေကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟူဖြတ်ကျေးရွာအနီးမှာ ကေအိုင်အိုနဲ့ အစိုးရတပ် ဒီနေ့ တိုက်ပွဲဖစ်ပွား ခဲ့ပါတယ်။

အစိုးရတပ်မ ၉၉ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အို တပ်ရင်း ၉ တို့ကြား ိုက်ပွဲတွေဖြစ်နေကြောင်း ကေအိုင်အို တပ်မဟာ ၄ က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဇော်ဂန် က ပြောပါတယ်။

"တပ်ရင်း  ၉ ဘက်မှာဖြစ်နေတယ်၊ ဒီမနက် ၉ နာရီကနေ စဖြစ်တယ်၊ ဟူဖြတ်ရွာဘေးမှာ ခုနက တောက်လျှောက်ဖြစ်နေတုန်းပဲလို့ပြောတယ်၊ ဒီကနေ့ဖြစ်တာ ကျနော်တို့ အရင်စခန်းချတဲ့ ရွာဟောင်းမှာပဲ"

အစိုးရတပ်က လက်နက်ကြီးတွေနဲ ပစ်ခတ်တိုက်ခိုက်နေပြီး၊ တိုက်ပွဲကြောင့် ထိခိုက်မှုအခြေအနေ အသေးစိတ် ကိုတော့ မသိရသေးကြောင်း၊ မနေ့ မနက်ပိုင်းကလည်း ကေအိုင်အိုတပ်ရင်း ၉ စခန်းကို စစ်ရေးအခြေအနေအရ လုံခြုံမှုမရှိတော့တာကြောင့် ဆုတ်ပေးခဲ့ရကြောင်း ဗိုလ်မှုးကြီး ဇော်ဂန် က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကေအိုင်အို တပ်မဟာ ၄ဒေသမှာ ကေအိုင်အေတပ်ရင်း အတော်များများရှိပေမဲ့၊ အခုတလော တပ်ရင်း ၉ နေရာတစ်ခုမှာပဲ တိုက်ပွဲတွေဖြစ်ပွားနေတာလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။