ထိပ်တန်းအရာရှိတချို့ တပ်မတော်မှ အနားယူ


2015.08.11

တပ်မတော်ထိပ်တန်းအရာရှိကြီးများ ၄၅ဦးခန့် ရာထူးမှအနားယူသွားကြောင်း တပ်မတော် သတင်းရပ်ကွက်မှာ ရရှိပါတယ်။ အနားယူသွားသူများမှာ ရေတပ်ဦးစီးချုပ်အပါအဝင် ဒုတိယ ဗိုလ်ချုပ်ကြီးများပါဝင်ပါတယ်။

အနားယူသွားသူများမှာ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ ကစထမှူး၂ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်  ကထစမှူး၃ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ကထစမှူး ၄ဒုတိယဗိုလ်ချုပ်ကြီးလှမင်း၊ စစ်ရာထူးခန့်ချုပ် ဒုတိယဗှိုလ်ချုပ်ကြီးဝင်းမြင့်တို့နှင့် ရေတပ်ဦးစီးချူပ်ဗိုလ်ချုပ်ကြီး သူရသက်ဆွေ တို့ ပါဝင်ကြပါတယ်။

သူတို့ အနားယူခြင်းဟာ မကြာခင်အသက် ၆ဝ ပြည်တော့မှာဖြစ်တဲ့ အတွက်ဖြစ်တယ်ဆိုတဲ့ သတင်းတွေရရှိပြီး တချို့ဟာ ပြည်ခိုင်ဖြိုးပါတီကနေ ၂၀၁၅ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။