အစိုးရတပ် လက်နက်ကြီးပစ်ခတ်မှု အမျိုးသမီးတစ်ဦး ဒဏ်ရာရ


2015.09.23

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်က ကောင်းဝှက်ကျေးရွာမှာ မနေ့ညက ကျေးရွာတွေထဲကို အစိုးရတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တပ်မ ၉၉ က ပစ်ခတ်တာဖြစ်ပြီး နေအိမ်တွေထဲ ဝင်ရောက်ရှာဖွေပြီး ငွေတွေလည်းယူသွားတယ်လို့ ကောင်း၀ ဝက်ကျေးရွာက ဒေသခံ ဦးစံထွန်း က ပြောပါတယ်။

"သူတို့ကလှန်းပစ်တယ်၊ ရွာထဲမှာ၊ ကလေးမတစ်ယောက်ကို လှန်းပစ်လိုက်တော့ ပေါက်ကွဲလာတဲ့အစတွေ က ကလေးမရဲ့ပေါင်လယ်အကုန်ထိတယ်၊ ကျနော်တို့လည်း အချိန်မီဆေးခန်းလိုက်ပို့လိုက်တယ်၊ ရွာထဲမှာ သူတို့ဘီဒီုတစ်လုံးရိုက်ခွဲတယ်၊ ပြီးတော့ ကျပ်ငွေ ၁၅ သိန်းယူသွားတယ်၊ တရုတ်ငွေ ၅ သောင်းယူသွား တယ်"

ကျေးရွာထဲမှာ အစိုးရတပ်က ပစ်ခတ်တာမှာ မပေါက်ကွဲသေးဘဲ ကျန်နေတဲ့ လက်နက်ကြီးတွေရှိသေးကြောင်း ရွာသားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကွတ်ခိုင်မြို့နယ် ပန်ကူကျေးရွာ အနီးတစ်ဝိုက်မှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။

ကွတ်ခိုင်ဘက်မှာ တအာင်းလက်နက်ကိုင်အဖွဲ့နဲ့ကေအိုင်အေအဖွဲ့တွေ အဓိက လှုပ်ရှားတဲ့နေရာဖြစ်ပြီး အစိုးရတပ်စစ်ကြောင်းတွေ သွားလာနေတာကြောင့် တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။