တပ်မတော် ထောက်ခံသူတွေ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြ
2018.09.11

မြန်မာ့တပ်မတော်ကို နိုင်ငံတကာက ဖိအားပေးနေတာတွေကို ကန့်ကွက်တဲ့အနေနဲ့ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့က ဦးဆောင်ပြီး ရန်ကုန်မြို့တော်ခမ်းမရှေ့မှာ ဗီနိုင်းပိုစတာတွေကိုင်ပြီး ဒီနေ့ အသံတိတ် ဆန္ဒပြခဲ့ကြပါတယ်။
ဒီနေ့ဆန္ဒပြပွဲဟာ တပ်မတော်ရဲ့ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်တာဖြစ်ကြောင်း ဆန္ဒပြရာမှာ ပါဝင်တဲ့ ကျောက်တံတားမြို့နယ် စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ ဗိုလ်မှူးအငြိမ်းစား ဦးစိုးမြင့်အောင် က ပြောပါတယ်။
ဆန္ဒပြသူတွေက လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Facebook ကိုဆန့်ကျင်ကြောင်း၊ ကုလသမ္မဂကဘက်လိုက်ကြောင်း၊ ကုလသမဂ္ဂရဲ့အစီရင်ခံစာကိုလက်မခံကြောင်း၊ နိုင်ငံတကာက ဖိအားပေးမှုတွေကို အလိုအရှိကြောင်းနဲ့ မြန်မာ့တပ်မတော်ကို အပြည့်အဝထောက်ခံကြောင်းစတဲ့ ဗီနိုင်းပိုစတာတွေ ကိုင်ဆောင် ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
ဒီဆန္ဒပြပွဲကို ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဆိပ်ကမ်းမြို့နယ်တွေက စစ်မှုထမ်းဟောင်းတွေ ပူးပေါင်းကျင်းပခဲ့တာဖြစ်ပါတယ်။