တပ်မတော်ထောက်ခံကြောင်း ဆန္ဒပြပွဲ မန္တလေးမြို့မှာ ပြုလုပ်


2018.09.13
army-support-mdy-622.jpg မန္တလေးမြို့ မနောမရမ္မံ အားကစားကွင်းအတွင်းမှာ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒပြပွဲပြုလုပ်ခဲ့စဉ်
Photo: Khaymani Win/RFA

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၁၀၀ ကျော်က တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒပြပွဲကို မန္တလေးမြို့ မနောမရမ္မံ အားကစားကွင်းအတွင်းမှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

တပ်မတော်ကိုထောက်ခံကြောင်းနဲ့ ပြင်ပစွက်ဖက်လုပ်ဆောင်တာတွေကို ဆန့်ကျင်ကြောင်း ဆန္ဒပြတာဖြစ်တယ်လို့ ချမ်းအေးသာစံမြို့နယ် စစ်မှု့ထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးသန်းလွင် (အငြိမ်းစား) က ပြောပါတယ်။

"တပ်မတော်ပေါ်မှာ စွပ်စွဲနေတာက တဖက်သတ် နိုင်ငံရေးဖိနှိပ်မှုတွေနဲ့ စွပ်စွဲတာပါပဲ။ တပ်မတော်ကို ထောက်ခံချင်တာပါပဲ။ တပ်မတော်ရဲ့ လုပ်ရပ်မှန်ကန်ကြောင်း ပြည်သူတွေ သိစေချင်တာပါပဲ"

ဒီပွဲမှာ မြန်မာ့တပ်မတော်ကို အပြည့်အဝထောက်ခံကြောင်း၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ လက်မခံကြောင်း၊ မဆီမဆိုင် နိုင်ငံရေးစွက်ဖက်တဲ့ ဖေ့စ်ဘွတ်ကို လုံးဝဆန့်ကျင်ကြောင်း၊ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးကော် မရှင်ရဲ့ တဖက်သတ်အစီရင်ခံစာကို လက်မခံကြောင်း စတဲ့ အချက်တွေပါဝင်တဲ့ ဗီနိုင်းတွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အခုလို တပ်မတော် ထောက်ခံပွဲကို ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပြီး မန္တလေးမြို့မှာလည်း နောက်ထပ်ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။