မွန်ပြည်သစ်ပါတီနယ်မြေမှာ စစ်အစိုးရတပ်များ တိုးမြှင့်ချထား
2010.12.08

အထူးသဖြင့် သံဖြူဇရပ်နဲ့ ဘုရားသုံးဆူအကြား ဇမီးချောင်း ရေလမ်းနဲ့ ကုန်းလမ်းတွေကနေ စစ်အစိုးရ တပ်ဖွဲ့တွေကို နေစဉ်လိုလို ပို့ဆောင်နေတယ်လို့ မွန်ပြည်သစ် ပါတီ (NMSP) အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာရဲ့ ပြောဆိုချက်အရ သိရပါတယ် ။
အဲဒီလို စစ်အစိုးရတပ်ဖွဲ့တွေ တိုးမြှင့်ချထားတာဟာ စောလှပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ (DKBA) ခွဲထွက်တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ စစ်ကူပို့တာ ဖြစ်နိုင်သလို ၊ တဖက်ကလည်း နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ ငြင်းဆန်နေတဲ့ သူတို့ တပ်ဖွဲ့တွေကို ဖိအားပေး ခြိမ်းခြောက်တာလည်း ဖြစ်နိုင်တယ်လို့ မွန်ပြည်သစ်ပါတီ (NMSP) အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက RFA ကို ပြောပါတယ်။
“ဒါ ကျွန်တော်တို့ကို ဘာ ရည်ရွယ်တဲ့ အင်အား တိုးချဲ့မှု ဖြစ်မလားတော့ ဒါ အတိအကျတော့ ပြောလို့ မရသေးဘူးပေါ့။ ဖြစ်လဲ ဖြစ်နိုင်တာပေါ့ဗျာ။ ဒါပေမဲ့ သတိထားနေပါတယ်။ သတိထားသွားမှာပါ။ သဘောကတော့ တခုပြီးတခု လုပ်မဲ့ ပုံစံမျိုး၊ အဲဒီလိုလားတော့ မပြောတတ်ဖူးပေါ့ဗျာ။ တခုပြီးတခု ဆိုတာက သူတို့ ရန်သူကို တိုက်တဲ့ နေရာမှာ တချိန်တည်းမှာ ရန်သူ သုံး၊ လေးဦးကို တပြိုင်တည်း တိုက်တဲ့ ပုံစံမျိုး မဟုတ်ပဲနဲ့ ဦးတည်ချက် တခုပြီးမှ တခုပေါ့ဗျာ၊ အဲဒီ ပုံစံမျိုးကို ဆိုလိုတာပါ။”
ဒီအကြောင်းနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ (NMSP) အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာနဲ့ RFA မှ ဦးခင်မောင်စိုးမင်းက ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန် |