ဖမ်းဆီးခံရသူတွေ လွတ်မြောက်ရေး လွတ်လာသူတွေ ကြိုးပမ်းမည်
2015.03.17

သာယာဝတီအကျဉ်းထောင်က လွတ်မြောက်လာတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် ကျောင်းသား ကျောင်းသူ သုံးဦးက မန္တလေးမြို့မှာ မနေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ ပါတယ်။
သာယာဝတီအကျဉ်းထောင်မှာ ဆက်လက်ဖမ်းဆီးခံ ထားရတဲ့ ကျောင်းသား ကျောင်းသူတွေ လွတ်မြောက်ရေး အတွက် ကြိုးစားသွားမယ်လို့ လွတ်မြောက်လာ သူ ကျောင်းသားတစ်ဦးဖြစ်တဲ့ ကျောက်ဆည်မြို့ နည်းပညာတက္ကသိုလ်ကျောင်းသား ကိုအောင်မင်းခန့် က ပြောပါတယ်။
"ကျနော်တို့ လက်ရှိလွတ်လာတဲ့သူတွေအနေနဲ့ တခြားနိုင်ငံရေးအင်အားစုတွေရော တခြား ခုချိန်ထိ စေတနာပါပါနဲ့ဝန်းရံပေးတဲ့ အဖွဲ့ အစည်းပေါင်းစုံနဲ့ ဖမ်းဆီးခံကျောင်းသား တွေ၊ ဝန်းရံသူတွေ၊ ပြည်သူတွေလွတ်မြောက်သွားဖို့ရယ်၊ ပြီးတော့ ကျနော်တို့ မပြီးဆုံး သေးတဲ့တိုက်ပွဲ၊ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ဖို့ပေါ့၊ ကျနော်တို့ ၁၁ ချက်တောင်း ထားတာရှိတယ်၊ အဲ့ ၁၁ ချက်နဲ့ ကျနော်တို့လမ်းပေါ်ထွက်လာတယ်ပေါ့၊ အဲ့ ၁၁ ချက်ကို ရရှိဖို့ ကျနော်တို့ ဆက်ပြီးတိုက်ပွဲဝင်သွားမှာပါ"
သတင်းစာရှင်းလင်းပွဲကို မန္တလေးနည်းပညာတက္ကသိုလ်ကျောင်းသား ကိုကောင်းဇော်ဟိန်း၊ မန္တလေးရတနာပုံ တက္ကသိုလ်ကျောင်းသူ မခိုင်ဇင်သက် နဲ့ ကျောက်ဆည်နည်းပညာတက္ကသိုလ် ကျောင်းသား ကိုအောင်မင်းခန့် တို့က ကျင်းပခဲ့ပါတယ်။
ဒါ့အပြင် မတ်လ ၁၀ရက်နေ့က လက်ပံတန်း ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရချိန်မှာ ထွက်ပြေး လွတ်မြောက်ခဲ့သူတချို့လည်း တက်ရောက်ခဲ့ပါတယ်။