တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံဖို့ အာဆီယံကို SAC-M တိုက်တွန်း

RFA Burmese
2024.07.04
တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံဖို့ အာဆီယံကို SAC-M တိုက်တွန်း လာအိုနိုင်ငံ လွန်ပရာဘန်မြို့တွင် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တွေ့ရစဉ်။
TANG CHHIN SOTHY / AFP

မြန်မာ့အရေးအတွက် တော်လှန်ရေးအင်အားစုတွေနဲ့ပါ ထိတွေဆက်ဆံဖို့ အာဆီယံကို ကုလသမဂ္ဂအရာရှိတွေ၊ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံအတွက် အထူးအကြံပေးကောင်စီ Special Advisory Council for Myanmar (SAC-M) က ဇူလိုင်လ ၄ ရက်နေ့မှာ ထုတ်ပြန်တိုက်တွန်းပါတယ်။

အာဆီယံနဲ့ ကုလသမဂ္ဂတို့ဟာ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေ အရှိတရားကို သတိမူ တုံ့ပြန်ဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ သုံးနှစ်ကြာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခုခံတော်လှန်မှုတွေကြောင့် အားနည်းလာပြီး အစိုးရအာဏာကို လိုအပ်တဲ့ထိန်းချုပ်နိုင်မှု မရှိတော့ဘူးလို့လည်း ဖော်ပြပါတယ်။

အာဆီယံအနေနဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေကိုပါ ထိတွေ့ဆက်ဆံသင့်တယ်လို့ SAC-M က တိုက်တွန်းထားပါတယ်။

အာဆီယံဘုံသဘောတူညီချက် ငါးချက်ကတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ငြိမ်းချမ်းတဲ့ အဖြေတစ်ခုရဖို့ သက်ဆိုင်သူတွေ ဆွေးနွေးကြဖို့၊ အာဆီယံဥက္ကဋ္ဌနဲ့ အထူးကိုယ်စားလှယ်က ဆွေးနွေးမှုတွေမှာ ကြားဝင်ဆောင်ရွက်ဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့နဲ့ အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့နဲ့ သက်ဆိုင်သူတွေ တွေ့ဆုံဖို့ စတဲ့အချက်တွေ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။