ရုပ်ပုံလွှာမှာ ဒေါ်အောင်ဆန်းစုကြည် ပုံတူ ၈ ကား ရောင်းချ

မြန်မာများရဲ့ ရုပ်ပုံလွှာလို့ တိုက်ရိုက် အဓိပ္ပာယ်ရတဲ့ The Portraits of Myanmar people အမည်ရှိ ပန်းချီပြပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရုံးချုပ်မှာ ပြသနေရာမှာ ဒီကနေ့ နေ့လည်ပိုင်း အထိ ပန်းချီကား ရှစ်ကား၊ တန်ဖိုး ၁၃ သိန်း ဖိုး ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

2011.10.24
assk-portrait-305 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ အောက်တိုဘာလ ၂၅ ရက်နေ့က စတင် ဖွင့်လှစ်ပြသသော The Portraits of Myanmar people အမည်ရှိ ပန်းချီပြပွဲ၏ ဖိတ်စာကို အဖွဲ့ချုပ် အင်တာနက် စာမျက်နှာပေါ်တွင် တွေ့ရပုံ။
NLD

ဒီကနေ့ ရောင်းရတဲ့ ပန်းချီကား အားလုံးဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတူ ပန်းချီကားတွေ ဖြစ်တယ်လို့လည်း NLD ပြောရေးဆိုခွင့် ရှိသူ ဦးအုံးကြိုင်ကပြောပါတယ်။

မနေ့က စတင် ဖွင့်လှစ်ပြသခဲ့တဲ့ ဒီပန်းချီပြပွဲ ကို ၂၆ ရက်နေ့ အထိ ဆက်လက် ကျင်းပသွားမယ်လို့ သိရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။