ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရေး ဖို့ဒ်ဝိန်း မိသားစု ပြင်ဆင်
2012.07.29
အစီအစဉ်တွေ ရေးဆွဲနိုင်ရေးအတွက် ဒီကနေ့ အစည်းအဝေး ခေါ်ယူထားကြောင်း၊ ဖို့ဒ်ဝိန်းမြို့ရောက် မြန်မာတိုင်းရင်းသားများ အားလုံး စုစည်းပြီး ညီညီညွတ်ညွတ်နဲ့ တမြို့လုံးက ကြိုဆိုနိုင်ရေး ပြင်ဆင်နေကြကြောင်း မြန်မာ့အရေး လှုပ်ရှားနေတဲ့ ဦးအောင်မြင့်ထွန်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဖို့ဒ်ဝိန်းမြို့ကို လာရောက်မယ့်ရက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဟာ သူရဲ့ အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း စက်တင်ဘာလ ၁၉ ရက်နေ့မှာ အမေရိကန်လွှတ်တော်က ဂုဏ်ပြုချီးမြှင့်မယ့် ရွှေတံဆိပ်ဆုကို အရင်ဆုံး လက်ခံရယူမှာ ဖြစ်ပါတယ်။