ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူဖို့ လားရှိုးမှာ ခွင့်ပြုချက်မရ


2015.07.19
general-sculpture-taunggyi-620.jpg ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံမှာ ထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို တွေ့ရစဉ်
Photo: Khon Yazar/ RFA

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အာဇာနည်ကျောက်တိုင်မှာ ဒီနေ့ အာဇာနည်နေ့မှာ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူဖို့ အတွက် ခွင့်ပြုချက်တင်ထားတာကို ရှမ်းပြည် နယ် အစိုးရက ခွင့်မပြုဘူးလို့ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာလင်းထွဏ်းက ပြောပါတယ်။

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလကတည်းက ခွင့်ပြုချက်တင်ထားတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

"ကျနော်တို့ လားရှိုးမြို့မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီ နဲ့ ပြည်သူလူထု အားလုံးက ကျနော်တို့ဘက်ကလိုအပ်ချက်များကို အကုန်ဖြည့်စည်း ဆောင်ရွက်ထားပါတယ်၊ လိုအပ်ချက်တွေကိုလည်း မရှိအောင် သက်ဆိုင်ရာလိုအပ် ချက်တွေကိုလည်း ကျနော်တို့ အကုန်တင်ပြပြီးဖြစ် ပါတယ်၊ ကြေးရုပ်ရဲ့ခွင့်ပြုက်ချက် ကို အားလုံးရဲ့တောင်းတချက်အရ ဗိုလ်ချုပ်ရာပြည့်နှစ်မကုန်ဆုံးခင်မှာ ကျနော်တို့ ရရှိပါရစေလို့ ကျနော်တို့ သက်ဆိုင် ရာကို အနူးညွတ်တောင်းပန်လိုပါတယ်"

အခုနှစ်ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ရုပ်ထုစိုက်ထူဖို့ ပြင်ဆင်ခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်ကြေးရုပ်တုကို မန္တလေးမြို့မှာ သွန်းလုပ်ခဲ့တာဖြစ်ပြီး ကြေးရုပ်က လားရှိုးမြို့ကို ရောက်ရှိနေပြီးသား ဖြစ်ပါတယ်။

ဒီနေ့အာဇာနည်နေ့အခမ်းအနားကို လားရှိုးမြို့က ကျောက်တိုင်မှာ ကျင်းပခဲ့ပြီး တက်ရောက်လာတဲ့ အဖွဲ့အစည်းတွေက ဗိုလ်ချုပ်ကြေးရုပ်အမြန်ဆုံး ထားရှိပေး ဖို့ တောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။