ဗိုလ်ချုပ်မွေးနေ့နဲ့ မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနားကျင်းပ
2013.02.13

ဒီကနေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၈ နှစ်မြောက်မွေးနေ့ကို ရန်ကုန်မြို့ ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမိန့်ခွန်း ပေးပို့ပြောလိုက်တာပါ။
ကလေးတွေအနေနဲ့ ကိုယ်ပိုင်စဉ်းစား တွေးခေါ်တတ်လာအောင် တိုက်တွန်းလိုကြောင်း အဲဒီ ဗီဒီယိုမိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောခဲ့ပါတယ်။ ဒါ့အပြင် ကလေးငယ်တွေရဲ့ သိလိုစိတ်နဲ့ စူးစမ်းလေ့လာလိုစိတ်တွေကို လူကြီးတွေအနေနဲ့ မပိတ်ပင်ဖို့ လိုအပ်ကြောင်းလည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ ဦးတင်ဦးက အခမ်းအနားကို တက်ရောက်လာတဲ့ ကလေးငယ်တွေ သိရှိနိုင်အောင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောပြခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၈ နှစ်မြောက် မွေးနေ့အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့မိန့်ခွန်း ကောက်နှုတ်ချက်ပြိုင်ပွဲ၊ ဗိုလ်ချုပ်ရဲ့ရိုးသားမှုကိုဖော်ညွှန်းတဲ့ တစ်ခန်းရပ်ပြဇာတ်၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဗိုလ်ချုပ်အကြောင်း သီကုံးထားတဲ့ သီချင်းဆိုပြိုင်ပွဲတွေကိုလည်း အခမ်းအနားကို တက်ရောက်လာတဲ့ ကလေးငယ်တွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ဒီကနေ့ အခမ်းအနားအကြောင်းကို RFA သတင်းထောက် မဇင်မာဝင်းက သတင်းပေးပို့ထားပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |
ဗိုလ်ချုပ်အောင်ဆန်းကို သိရှိခဲ့ကြတဲ့ နိုင်ငံရေးသမားကြီးတွေရဲ့ ပြောဆိုချက်တွေကို စုစည်းပြီး RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |