ရန်ကုန်-မန္တလေး ရထားပေါ်မှာ နေပြည်တော်အနီး ဗုံးပေါက်ကွဲ
2011.05.19

ပေါက်ကွဲမှုကြောင့် ရထားအမိုး ပွင့်ထွက်သွားခဲ့ကြောင်းနဲ့ ဒဏ်ရာရသူတွေကို တပ်ကုန်းမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။
အခုတကြိမ်ပေါက်ကွဲမှုဟာ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပေါက်ကွဲမှုဖြစ်ပါတယ်။ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရပါတယ်။
မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံဖို့ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joseph Yun နေပြည်တော်ကို ရောက်ရှိနေခိုက် အခုလို ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
အခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းက အင်းစိန်မြို့နယ် ကမ်းနားလမ်း အောင်ဇေယျ အိမ်ရာရှေ့က ကွမ်းယာဆိုင်တဆိုင်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုကြောင့် လူ ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလကလည်း ရန်ကုန်သြင်္ကန် X2O ရေကစားမဏ္ဍပ်မှာ ဗုံးပေါက်ကွဲခဲ့လို့ ၁၀ ဦး သေဆုံးပြီး ၁၇၀ ခန့် ဒဏ်ရာရခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာပြည်မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုတိုင်းကိုလည်း အစိုးရက လက်နက်ကိုင် သူပုန်တွေရဲ့ လက်ချက်လို့ စွပ်စွဲခဲ့ပါတယ်။