နယ်စပ်ကုန်သွယ်ရေး ကျဆင်း
2016.05.02

၂၀၁၆-၁၇ ဘဏ္ဍာနှစ် ပထမလအတွင်း မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှုပမာဏဟာ ဒေါ်လာ ၂၄ သန်းကျော် ကျဆင်းသွားခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်လိုက်တဲ့ စာရင်းတွေအရ သိရပါတယ်။
မနှစ်က ဧပြီလအတွင်း နယ်စပ်ကုန်သွယ်ရေးပမာဏဟာ ဒေါ်လာ ၁၇၁ သန်းကျော်ရှိခဲ့ပြီး၊ အခုနှစ်ဧပြီလမှာတော့ ၁၄၇ သန်းပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ဆန်၊ သကြား စတဲ့ ကုန်ပစ္စည်းတွေကို တရုတ်ဘက်က ယာယီပိတ်ပင်မှုတချို့ ရှိခဲ့တာကြောင့် အခုလို မြန်မာနိုင်ငံရဲ့ နယ်စပ် ကုန်သွယ်ရေး ထိခိုက်ကျဆင်း သွားခဲ့ရတာလို့ သိရပါတယ်။ လောလောဆယ်မှာတော့ မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကို ချဲ့ထွင်ဖို့ ကြိုးပမ်းနေပြီး၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးသစ် ဦးသန်းမြင့်ကလည်း ပို့ကုန် ၃ဆ တိုးမြင့်သွားမယ်လို့ ပြောထားပါတယ်။
မြန်မာနိုင်ငံဟာ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့်ရှ်စတဲ့ နိုင်ငံတွေနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း ၁၅ ခုကနေ ကုန်သွယ်နေတာ ဖြစ်ပြီး၊ မူဆယ်ဂိတ်စခန်းကတော့ ကုန်သွယ်မှု အများဆုံးဖြစ်ပါတယ်။