ဗြိတိန် ဘရိုက်တန်ပွဲတော်မှာ မြန်မာ့အရေးဆွေးနွေး
2011.05.18

ဒီစကားရည်လုပွဲမှာ မြန်မာ့နိုင်ငံရေး လက်ရှိ အခြေအနေ နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍတွေကို ဆွေးနွေးကြတဲ့အကြောင်း ဒီပွဲမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ Burma Campaign UK ရဲ့ ပြောရေးဆိုခွင့်ရှိသူ မဇိုယာဖန်းက ပြောပါတယ်။
“အခုပွဲကတော့ စကားရည်လုပွဲ ဖြစ်သော်လည်းပဲ အဓိကအားဖြင့် မြန်မာပြည်ရဲ့ အခြေအနေက ဒီ စီးပွားရေး ဖြစ်ဖြစ်၊ နိုင်ငံရေးပဲဖြစ်ဖြစ်၊ လူ့အခွင့်အရေးမှာပဲ ဖြစ်ဖြစ်ပေါ့နော်၊ ပြောင်းလဲမှုတွေ မရှိသေးဘူး။ ပြီးတော့ တက်လာတဲ့ အစိုးရသစ်လည်း သူတို့ ပြောင်းလဲဖို့ ဆန္ဒမရှိဘူး။ အဲဒါကြောင့် နိုင်ငံတကာ ဖိအားပေးမှုတွေက ပိုပြီးတော့ လိုအပ်နေသေးတဲ့ အကြောင်း အဓိက ဆွေးနွေးတာ ဖြစ်ပါတယ်။”
ဒီဆွေးနွေးရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝအကြောင်း ရေးသားထားတဲ့ The Lady and The Peacock စာအုပ် ရေးသားသူ အလွတ်သတင်းထောက် Peter Popham ၊ BBC သတင်းထောက် Sue Lloyd-Roberts ၊ ဗြိတိသျှ သံအမတ်ဟောင်း Robert Gordon ၊ Burma Campaign UK ရဲ့ ဒါရိုက်တာ Mark Farmaner နဲ့ မဇိုယာဖန်းတို့ အဓိကပါဝင်ဆွေးနွေးကြပါတယ်။
ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အကြောင်းလည်း ဆွေးနွေးကြတယ်လို့ သိရပါတယ်။
ဒီစကားရည်လုပွဲက ဆွေးနွေးချက်တွေအကြောင်း RFA မှ မခင်ခင်အိက မဇိုယာဖန်းကို ဆက်သွယ် မေးမြန်းတင်ပြထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |