မြန်မာ့ငြိမ်းချမ်းရေးအတွက် ဗြိတိန် ပေါင်စတာလင် ၁ သန်းခွဲ ထောက်ပံ့ခဲ့


2014.04.12
uk-president-lower-parliamentary-dassk-305.jpg ဗြိတိန်အောက်လွှတ်တော် ဥက္ကဌ Mr.John Bercow နှင့် အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်း တို့ကို နေပြည်တော် ဇမ္ဗူသီရိ ခန်းမဆောင်တွင် ဇူလိုင်လ ၃ဝ ရက်နေ့ကတွေ့ဆုံခဲ့စဉ်
NLD Facebook

ဗြိတိန်နိုင်ငံက မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် ပံ့ပိုးကူညီနေတာတွေနဲ့ ပတ်သက်တဲ့ လက်ရှိအခြေအနေကို ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးကထုတ်ပြန်ရာမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုလုပ်ငန်းစဉ်တွေမှာ အသုံးပြုဖို့အတွက် ပေါင်စတာလင် ၁ သန်းခွဲထောက် ပံ့ထားတယ်လို့ သိရပါတယ်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူတဲ့ လုပ်ငန်းအတွက် ပေါင်စတာလင် ၁ဝ သန်းထောက်ပံ့ခဲ့တယ်လို့ဆိုပါတယ်။ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲရေးလုပ်ငန်း ခေတ်မှီတိုးတက်ရေးအတွက် ၅ နှစ်စာ ပေါင်စတာလင် သန်း ၂၀ ထောက်ပံ့မယ် လို့ဆိုပါတယ်။

အခုလိုကူညီထောက်ပံတာတွေဟာ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့၊ ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေတရားမျှတ ဖို့၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်ဖြစ်လာဖို့၊ ငြိမ်းချမ်းရေးရပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး အဓွန့်ရှည်ဖို့တို့ကိုရည်ရွယ်ပြီး၊ ဗြိတိန်နိုင်ငံအနေနဲ့ အားပေးကူညီချင်တဲ့အတွက်ဖြစ်တယ်လို့ ဗြိတိန်အစိုးရ အင်တာနက်စာမျက်နှာမှာ ဧပြီလ ၁၁ ရက်နေ့စွဲနဲ့ ဖေါ်ပြထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။