ရခိုင်ပြည်နယ်အတွက် အလှူငွေ ကနေဒါရောက် မြန်မာနိုင်ငံသားများ ကောက်ခံ

ကနေဒါနိုင်ငံ တိုရန်တိုမြို့မှာ ရခိုင်ပြည်နယ်က အဓိကရုဏ်းတွေ အတွင်း သေဆုံးသွားကြသူတွေအတွက် ဆုတောင်းပွဲနဲ့ အလှူငွေ ကောက်ခံပွဲတစ်ရပ် မနေ့က ကျင်းပခဲ့ပါတယ်။

2012.06.18

အဲဒီပွဲဖြစ်မြောက်ရေးအတွက် ရခိုင်လူမျိုးတစ်ဦးဖြစ်တဲ့ ဗုဒ္ဒဘာသာအသင်း ဥက္ကဋ္ဌဟောင်း ကိုကျော်ဇောဝေက စည်းရုံးလှုံ့ဆော်ခဲ့ပြီး မဟာဓမ္မိကကျောင်းတိုက် ဆရာတော် ဦးကောဝိဒတို့နဲ့အတူ ဦးစီးပြု လုပ်ခဲ့တာဖြစ်ကြောင်း ဆရာတော် ဦးကောဝိဒ က မိန့်ကြားပါတယ်။

အဲဒီပွဲကို လက်ရှိကနေဒါ မြန်မာမိတ်ဆွေများအဖွဲ့ ဥက္ကဋ္ဌ၊ ပါလီမန်အမတ် မစ္စတာ ဂျင်မ် ကယ်ရီယာနစ်စ် တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ရာမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေ အတွက် အထူးစိတ်မကောင်း ဖြစ်မိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဲဒီဆုတောင်းပွဲကို ကနေဒါရောက် မြန်မာ၊ ရခိုင်၊ ကရင်နဲ့ မြန်မာမွတ်ဆလင် စုစုပေါင်းလူ (၃၀) လောက် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ကောက်ခံရရှိတဲ့အလှူငွေ အမေရိကန်ဒေါ်လာ ၁၈၀၀ ကို ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အထွေထွေ အတွင်းရေးမှူး လည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အတွင်းရေးမှူး လည်းဖြစ်တဲ့ ဦးအေးသာအောင် ကတဆင့် ပေးပို့ လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။