တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေး ညွှန်ချုပ် NDF ခေါင်းဆောင်တွေနဲ့ တွေ့
2012.03.09

(Photo: AFP)
ဒါဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာဏာရ ကွန်မြူနစ်ပါတီအနေနဲ့ မြန်မာ့ အတိုက်အခံ နိုင်ငံရေး ပါတီတစ်ရပ်ကို ပထမဆုံးအကြိမ် တွေ့ဆုံတာဖြစ်ပါတယ်။
တရုတ် ကွန်မြူနစ်ပါတီဟာ ကမ္ဘာတဝန်း နိုင်ငံရေးပါတီပေါင်း ၆၀၀ ကျော်နဲ့ ဆက်ဆံနေပြီး မြန်မာ့ နိုင်ငံရေးပါတီတွေနဲ့လည်း တရားဝင် အဆက်အသွယ်ပြုဖို့ လာရောက် တွေ့ဆုံတာလို့ Ms. Shen Beili က ပြောပြကြောင်း NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။
မြန်မာနိုင်ငံရေး တည်ငြိမ်ရေးနဲ့ စီးပွားရေး ဖွံဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်ရာမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုပါ အလေးပေး လုပ်ဆောင်စေဖို့ NDF ပါတီအနေနဲ့ ပြောဆိုခဲ့ကြောင်း ဦးခင်မောင်ဆွေကပြောပါတယ်။
ဒီတွေ့ဆုံပွဲကို NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေနဲ့အတူ ဥက္ကဋ္ဌ ဦးသန်းငြိမ်း၊ အတွင်းရေးမှူး ဒေါက်တာဝင်းနိုင်နဲ့ ဗဟိုကော်မတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။