ကျိုက်ထိုမြို့က CDM ဆရာမတစ်ဦး ဖမ်းဆီးခံရ

RFA Burmese
2022.12.20
ကျိုက်ထိုမြို့က CDM ဆရာမတစ်ဦး ဖမ်းဆီးခံရ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့က CDM အထက်တန်းပြဆရာမ ဒေါ်သီရိအောင်အား တွေ့ရစဉ်။
အမဲလိုက်မုဆိုး အမည်ရ တယ်လီဂရမ် ချန်နယ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့က CDM အထက်တန်းပြဆရာမတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ဒီဇင်ဘာလ ၂၀ ရက် ဒီကနေ့ ပြောပါတယ်။

CDM ဆရာမ ဒေါ်သီရိအောင်ဟာ PDF တွေနဲ့ ဆက်သွယ်နေတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးဖို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်အကောင့်တွေက လှုံ့ဆော်တာတွေရှိခဲ့တာကြောင့် ဒီဇင်ဘာလ ၁၆ ရက်ညမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သူက ပြောပါတယ်။

"ခေါ်ယူစစ်ဆေးတာ မရှိလို့ဆိုပြီး တယ်လီဂရန် အကောင့်တွေကတင်တယ်။ ညကျတော့ လာဖမ်းသွားတယ်။ ဆိုင်ဖွင့်ပြီး ဈေးရောင်းနေတာပဲ ရှိတယ်ဗျ၊ တခြားဘာမှလုပ်တာ မရှိဘူး"

ဆရာမ ဒေါ်သီရိအောင်ဟာ သိမ်ဇရပ်မြို့ အထက်တန်းကျောင်းကနေ CDM လုပ်ခဲ့တာပါ။ ဒါပေမဲ့ တခြားဘာလှုပ်ရှားမှုမှ မလုပ်ဘူးလို့ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့အချိန်ကတည်း အခုချိန်အထိ မိသားစုနဲ့လည်း အဆက်အသွယ်ပြတ်နေ တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာလ ၂၀ ရက် ဒီကနေ့ ထုတ်ပြန်တဲ့စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ပညာရေးဝန်ထမ်းနဲ့ ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၉၆၈ ဦး ဖမ်းဆီးထိန်းသိမ်း ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။