ကလေးစစ်သားဖြစ်တော့မယ့် ကျောင်းသားငယ် ထွက်ပြေးလွတ်မြောက်လာ

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်က အသက် (၁၄)နှစ် အရွယ် ကိုးတန်းကျောင်းသား မောင်ဟိန်းစိုးဝင်း ဟာ တစ်လကျော်ကြာ ပျောက်ဆုံးသွားခဲ့ရာက အောက်တိုဘာလ (၂၄) ရက် နေ့ညက နေအိမ်ကို ပြန်လည် ရောက်ရှိ လာခဲ့ပါတယ်။

2011.10.27

မောင်ဟိန်းစိုးဝင်းကို အဒေါ်ဖြစ်သူက ခေါင်းလျှော်ရည် ဝယ်ခိုင်းလိုက်ရာက အိမ်ကို ပြန်ရောက်မလာ တာကြောင့် မိဘတွေက ဗိုလ်တထောင် ရဲစခန်းမှာ လူပျောက် တိုင်ကြားခဲ့ပါတယ်။ အမှုကို ဒုရဲအုပ် အောင်နိုင်ဝင်း က လက်ခံခဲ့ပါတယ်။

အိမ်က ထွက်ပြေးခဲ့တဲ့ မောင်ဟိန်းစိုးဝင်းဟာ ကလေးစစ်အသားအဖြစ် စုဆောင်းခံရပြီးတဲ့နောက် ထွက်ပြေး လွတ်မြောက် လာခဲ့တယ်လို့ သိရပါတယ်။

ဖြစ်ပုံကို မောင်ဟိန်းစိုးဝင်းက ပြန်လည် ပြောဆိုရာမှာ - စာမေးပွဲရလဒ် အမှတ်နည်း နေတာကြောင့် မိဘတွေ ဆူပူမှာ စိုးရိမ်ပြီး အိမ်ကနေ ထွက်ပြေးခဲ့ကြောင်း၊ သူ့ကို အမှတ် (၉၂၉) ထောက်/ပို့တပ် မုံရွာက တပ်သား ရောင်စဉ် နဲ့ တပ်သား အောင်ခိုင်ဖြိုး တို့က သူတို့ရဲ့ခရီးစဉ် တလျှောက် ခေါ်ဆောင် သွားရာကနေ ရန်ကုန်မြို့ ပြန်အရောက်မှာ ထွက်ပြေး လာခဲ့ကြောင်း မောင်ဟိန်းစိုးဝင်းက RFA ကို ပြောပါတယ်။

အိမ်ကို ပြန်ရောက်ပြီးတဲ့နောက် မောင်ဟိန်းစိုးဝင်းဟာ ပညာ ဆက်လက် သင်ကြားဖို့ အတွက် လက်ရှိ ကျောင်းပြန် တက်ခွင့်ရအောင် ကြိုးစားနေပါတယ်။ စာမေးပွဲအမှတ် များများရအောင် အရင်ကထက် ပိုပြီး ကြိုးစားမယ် လို့လည်း ပြောပါတယ်။

မောင်ဟိန်းစိုးဝင်း ကို မအင်ကြင်းနိုင် က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-10-27 07:33

ကလေးစစ်သားအတင်းအကျပ်စုဆောင်းတာကိုကာကွယ်ဖို့လက်ရှိလက်တော်ထဲမှာဥပဒေတစ်ခုထွက်လာဖို့ဝိုင်းဝန်းကြိုးစားပေးဖို့လိုလိမ့်မယ်

Anonymous
2011-10-27 08:12

ဒီကိစ္စ မှာတော့ ရှင်းနေပြီပဲ

Anonymous
2011-10-27 20:38

all the time dont blame on army!
take care ur children .

Anonymous
2011-10-27 08:15

မိဘလိုတာပါ ထားပါ ကလေးက ငယ်တော့တာလဲမဟုတ်တော့ ဘူးလေ နားလည်တတ်တဲ့ အရွယ်လည်းရောက်နေပြီ ဆင်ခြင်တတ်တဲ့ အရွယ်လည်းဖြစ်နေပြီမြန်မာနိုင်ငံမှာ က မိဘတွေ က သားသမီးတွေကို ဆုံးမတဲ့ နေရာမှာ အကြမ်းနည်းပဲပို သုံးနေကြတာပဲ
အဲ့ ကြောင့် ဆိုးကျိုးတွေ ဖြစ်လာတာပါပဲ....မိဘ လိုတာ ပါ အခု ကိစ္စမှာ ....