မြန်မာတွေရဲ့ ဘဏ်စာရင်းတွေ ပြန် ဖွင့်ဖို့ တရုတ်ပူးပေါင်းဆောင် ရွက်နေတယ်လို့ဆို


2017.06.22
china-bank-620.jpg တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့က ဘဏ်တစ်ခုကို တွေ့ရစဉ်
Photo: Kan Thar/RFA

အပိတ်ခံထားရတဲ့ မြန်မာကုန်သည်တွေရဲ့ ဘဏ်စာရင်းတွေ အမြန်ဆုံး ပြန်ဖွင့်ပေးနိုင်ဖို့ တရုတ်အစိုးရဘက်က ပူးပေါင်းဆောင်ရွက်နေကြောင်း တရုတ်နိုင်ငံဘက်က ပြောကြားတယ်လို့ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးရန်နိုင်ထွန်း ကပြောပါတယ်။

တရုတ်နိုင်ငံသံမှူးနဲ့ စီးပွားကူးသန်းဝန်ကြီးဌာနတို့ ဒီနေ့မနက် တွေ့ဆုံတဲ့အချိန်မှာ အဲဒီလို ပြောကြားခဲ့တာဖြစ်တယ် လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း ကပြောပါတယ်။

"ဒီနေ့မနက်မှာတော့ ကျနော်တို့ဆီကို နေပြည်တော် ဝန်ကြီးဌာနကို တရုတ်နိုင်ငံကနေ သံမှူးရောက်ရှိပါ တယ်၊ သံမှူးရောက်ရှိလာပြီးတော့ တရုတ်နိုင်ငံဘက်ကလည်း ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့ အခြေ အနေလေးကို ကျွန်တော်တို့ကို ရှင်းပြပါတယ်၊ဒါကတော့ ဒီနေ့အထိ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုဖြစ်ပါတယ်"

တရုတ်နိုင်ငံမှာ အွန်လိုင်းကနေ တရားမဝင်လောင်းကစားတွေ လုပ်ကိုင်ပြီး ငွေကြေးတရားမဝင် လွှဲပြောင်း တာတွေ၊ ငွေသွင်း၊ငွေထုတ်ဆောင်ရွက်နေတာတွေကို တရုတ်အစိုးရက စစ်ဆေးဖို့အတွက် ဘဏ်အကောင့် ငါးထောင်ကျော်ကို ဇွန်လ ၁၅ ရက်နေ့က ပိတ်ခဲ့တာဖြစ်ပါတယ်။

အဲ့လိုပိတ်ရာမှာ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်မှာ ကုန်သွယ်မှု ပြုလုပ်နေတဲ့ မြန်မာကုန်သည်တွေရဲ့ ဘဏ်ငွေ စာရင်း ၁၃၂ ခု ပါဝင်သွားတာဖြစ်ပါတယ်။

မြန်မာကုန်သည်တွေရဲ့ ဘဏ်စာရင်းတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က ရွှေလီမြို့ ဒုတိယမြို့တော်ဝန် ဦးဆောင်တဲ့ အထူးအဖွဲ့ဖွဲ့ပြီး စိစစ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။