ကူမင်းအကျဉ်းထောင်မှာ အကျဉ်းချခံထားရသူ မြန်မာအလုပ်သမား ၅ဝ ကျော် တရုတ်လွှဲပေး


2020.05.06
china-622.jpg တရုတ်နိုင်ငံ အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားငါးဆယ်ကျော်ကို တရုတ်အာဏာပိုင်တွေက မေလ ၆ရက်နေ့ မှာ မူဆယ်နန်းတော်နယ်စပ်ဂိတ်က မြန်မာ လဝက တာဝန်ရှိသူထံကို လွှဲပြောင်းပေးခဲ့စဥ်။
Photo: Kan Thar/RFA

တရုတ်နိုင်ငံ အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားငါးဆယ်ကျော်ကို တရုတ်အာဏာပိုင်တွေ က မေလ၆ရက်နေ့ ဒီကနေ့ နေ့လယ်ပိုင်းနဲ့ညနေပိုင်းမှာ မူဆယ်နန်းတော်နယ်စပ်ဂိတ်က မြန်မာ လဝက တာဝန်ရှိသူထံကို လွှဲပြောင်းပေးခဲ့ပါတယ်။ ပြန်လွတ်လာသူတွေဟာ တရုတ်နိုင်ငံထဲမှာ အလုပ်လုပ်ဖို့ သွားရင်း ဖမ်းဆီးခံခဲ့ရသူတွေပါသလို စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်ကိုင်နေရင်း ဖမ်းဆီးခံရသူတွေလည်း ပါ၀င်ပါတယ်။

ဒီကနေ့မှာဆိုရင် တရုတ်ဘက်က မြန်မာနိုင်ငံသားတွေကို နှစ်ပိုင်းခွဲပြီး လွှဲပြောင်းပေးခဲ့တာပါ။ ပထမပိုင်းမှာ သုံးဆယ် ခုနှစ်ဦးလွှဲပြောင်းပေးခဲ့ပြီး သူတို့ဟာလွန်ခဲ့တဲ့ဆယ်လလောက်တုန်းထဲက တရုတ်နိုင်ငံယူနန်ပြည်နယ် ကူမင်းမြို့ ကို အလုပ်သွားလုပ်ရင်း အဖမ်းခံခဲ့ကြရတာဖြစ်ပြီး သူတိို့ကို ကူမင်းအကျဉ်းထောင်ကနေ ပြန်လွှတ်ပေးလိုက်တာလို့  လွတ်မြောက်လာတွေက RFA ကို ပြောပါတယ်။

ဒုတိယလွှဲပြောင်းပေးခဲ့သူ ဆယ့်ခုနှစ်ဦးရှိပြီး သူတွေကတော့ ဟူနန်ထောင်ထဲမှာနေထိုင်ခဲ့ကြတာ လို့ဆိုပါတယ်။

ပြန်လွတ်လာသူတွေကို လိုအပ်တဲ့ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ပြီး မူဆယ် အ.ထ.က ၃ နဲ့ မူဆယ် တရုတ်ဘုံကျောင်းမှာ ထားရှိမှာဖြစ်ပါတယ်။ နေရပ်ပြန်နိုင်ရေးအတွက်တော့  ပြည်နယ်အစိုးရရဲ့ အစီအစဉ်အတိုင်း လားရှိုးကို ပို့ဆောင်ပေးမှာဖြစ်တယ်လို့ မူဆယ်မြို့နယ် ဆေးရုံးအုပ်ကြီးကပြောပါတယ်။

မေလ ၇ ရက် မနက်ဖြန်မှာတော့ တရုတ်အကျဉ်းထောင်တွေကနေ မြန်မာနိုင်ငံသား ရာနဲ့ချီထပ်မံလွှဲပြောင်းမှာဖြစ်ပြီး အဲ့ဒီထဲမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပွားတဲ့ ဝူဟန်မြို့အကျဉ်းထောင်တွေမှာ အကျဉ်းထောင်မှာ အကျဉ်းကျနေသူတွေပါ ပါ၀င်မယ်လို့ ဌာနဆိုင်ရာတာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။