မြန်မာကို အပြုသဘောဆောင် ကူညီကြဖို့ နိုင်ငံတကာကို တရုတ်တိုက်တွန်း


2017.12.21
dassk-china-president-622 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတရှီးကျင်ပင်းတို့ ဘေဂျင်းမြို့မှာ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ဆုံစဉ်
Photo:Myanmar State Counsellor Office

ရိုဟင်ဂျာမွတ်စလင် ပြဿနာကိုဖြေရှင်းနေတဲ့ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ကို ရှုပ်ထွေးစေတဲ့ အရေးကိစ္စလုပ်နေမယ့် အစား၊ အပြုသဘောဆောင်တဲ့ အကူအညီတွေပေးဖို့ တရုတ်အစိုးရက နိုင်ငံတကာအသိုင်းအဝိုင်းကို ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို ပြည်ဝင်ခွင့်မပေးတော့ဘူးလို့ မြန်မာအစိုးရက ပိတ်ပင်လိုက်ပြီးတဲ့နောက် တရုတ်က အခုလို ပြောဆိုလိုက်တာပါ။

ရခိုင်ပြည်နယ်က ဖြစ်ရပ်တွေဟာ သမိုင်းဆိုင်ရာ အငြင်းပွားရှုပ်ထွေးမှုတွေ၊ ဘာသာရေး အမျိုးသားရေးကိစ္စတွေ ပါဝင်တဲ့ မြန်မာ့ပြည်တွင်းရေးဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဟွာချွန်ယင်းက ပြောပါတယ်။

လာမယ့်ဇန်နဝါရီလ ၂၁ ရက်နေ့ကစလို့ ရိုဟင်ဂျာတွေပြန်လက်ခံဖို့ ပြီးခဲ့တဲ့လမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူထားပါတယ်။ အဲဒီကိစ္စကြန့်ကြာနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်အရာရှိတဦးက ပြောတယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။