ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေး တကမ္ဘာလုံး စောင့်ကြည့်ဖို့ အမေရိကန် အမတ် တောင်းဆို
2010.12.08

အောက်လွှတ်တော်အမတ် Joseph Crowley ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၇ ရက် မနေ့ က တယ်လီဖုန်းနဲ့ နှုတ်ခွန်းဆက်စကား ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြန်အလှန် စကားပြောဆိုခဲ့ရာမှာ မြန်မာပြည်သူတွေ ရင်ဆိုင်ရုန်းကန်နေရတဲ့ အခြေအနေတွေအကြောင်းလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်က လွှတ်ပေးလိုက်တာ မှန်ပေမဲ့ စစ်အစိုးရအနေနဲ့ လုပ်ဆောင်သင့်တဲ့အချက်တွေ အများကြီး ဆောင်ရွက်ဖို့ လိုနေသေးတယ်လို့ Joseph Crowley က ပြောပါတယ်။
ဒ့ါအပြင် ကမ္ဘာ့ အသိုင်းအဝိုင်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးကို အထူးအလေးထား စောင့်ကြည့် ပေးကြဖို့ Joseph Croley က တိုက်တွန်းထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေ အပေါ် အဓိက ရည်ရွယ်ခဲ့တဲ့ ၂၀၀၃ ဒီပဲယင်း လုပ်ကြံမှုကို သူရဲ့ကြေညာချက်မှာ ထောက်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုတကြိမ် လွတ်မြောက်မှုဟာ မြန်မာပြည် တိုးတက်ပြောင်းလဲဖို့ ပထမ ခြေလှမ်းအဖြစ် တည်မြဲနေဖို့ လိုအပ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ကမ္ဘာ့ကျော် ခေါင်းဆောင်တွေကို ချီးမြှင့်တဲ့ အမေရိကန်လွှတ်တော် ရွှေတံဆိပ်ဆုကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ချီးမြှင့်ဖို့ ဆောင်ရွက်ခဲ့သူတွေထဲမှာ အမေရိကန် အောက်လွှတ်တော်အမတ် Joseph Crowley ဟာ တက်တက်ကြွကြွ ပါဝင်ခဲ့သူဖြစ်ပါတယ်။