၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပြင်ဖို့ ကိုမင်းကိုနိုင် ဟောပြော


2014.06.08

ပြည်သူတွေဟာ ကျွန်တွေ မဟုတ်၊  သခင်ဖြစ်တယ်ဆိုတာကို သက်သေပြဖို့အတွက်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ကြရမယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီနေ့ ထားဝယ်မြို့မှာ ကျင်းပတဲ့  လူထုဟောပြောပွဲတစ်ရပ်မှာ ပြောကြားလိုက်ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ကိုမင်းကိုနိုင်က ပြောခဲ့တာပါ။

ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံနဲ့ ရေဖြူမြို့နယ်တွေက ဒေသခံတွေ တက်ရောက်ကြတဲ့  အဲ့ဒီဟောပြောပွဲမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဥပဒေပညာရှင် ဦးဌေးဦး ထားဝယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဟိုပင်နဲ့ ဦးအေးနိုင်တို့က ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဟောပြောခဲ့ပါတယ်။

သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြချက်ကို နာဆင်နိုင်ပါပြီၤ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။