အခြေခံဥပဒေ ပြင်ပေးဖို့ ပခုက္ကူမြို့မှာ လူ ၁၀၀၀ နီးပါး ဆန္ဒပြတောင်းဆို


2014.11.21

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးဖို့ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မှာ ဒေသခံ တစ်ထောင် နီးပါးလောက် ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ပုဒ်မ ၄၃၆ နဲ့ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉(စ)တို့ကို ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့တာဖြစ် တယ်လို့ ပခုက္ကူမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်ဌေးလှိုင်က ပြောပါတယ်။

"ပြည်သူတွေက ၄၃၆ ပုဒ်မကို ပြင်ဆင်စေချင်တယ်လေ၊ ၅၉(စ)၊ ၅၉(ဃ)ကို ပြင်ဆင်စေချင်တယ်၊ ဒါပေမဲ့ ပြည် သူရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ မဟုတ်တဲ့ တပ်မတော် လွှတ်တော် ကိုယ်စားလှယ်တွေကလည်း  ၄၃၆ နဲ့  ၅၉(စ)၊ ၅၉(ဃ) တွေကို မပြင်စေချင်ပါဘူးလို့ လွှတ်တော်ထဲမှာပြော လို့ကျတော့ လွှတ်တော်ဥက္ကဌကြီး ဦးရွှေမန်းက ပြောထားတယ်လေ၊ ပြည်သူ့အသံ လွှတ်တော်အသံ လို့ပြောပြီးတော့ ပြည်သူရဲ့အသံတွေကို ဂရုမစိုက်ပဲနဲ့ သူတို့ဘာသာသူတို့ လွှတ်တော်ထဲမှာ ဆွေးနွေးချင် တာတွေကို ဆွေးနွေးနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေတချို့ ရှိနေတဲ့အတွက်ကြောင့်မို့ ကျမတို့က ပြည်သူရဲ့ အသံကို ထပ်တင်တဲ့အနေနဲ့ ဆန္ဒထုတ်ဖော်တာကို လုပ်တာပါ"

ဆန္ဒပြပွဲမှာ ပခုက္ကူမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ ဒေသခံတွေ ပါဝင်ခဲ့ကြပြီး ဒေါ်အောင်ဆန်း စုကြည် တောင်းဆိုနေတဲ့ လေးပွင့်ဆိုင်တွေ့ဆုံပွဲဖြစ်မြောက်ဖို့၊ တရားဥပဒေစိုးမိုးမှုရှိဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့တို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။