လေးပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးရေး ရွှေဘို မှာ တောင်းဆိုဆန္ဒပြ


2014.04.10
section59-305.jpg ပုဒ်မ ၅၉(စ) နဲ့ ပုဒ်မ ၁၈ အလိုမရှိ ဆိုင်းပုဒ်များကို တွေ့ရစဉ်
Photo: RFA

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု လွှတ်တော်နာယက၊  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်မှာ ရာနဲ့ချီတဲ့ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးနဲ့ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ ဥပဒေတွေ ဖျက်သိမ်းပေးဖို့ တောင်းဆို ခဲ့ကြတယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ရွှေဘိုမြို့က ကိုကျော်ကျော်အောင် ပြောပါတယ်။

"ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီသောပုဒ်မများ ဖျက်သိမ်းပေးရေးပေါ့၊ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး၊ ဒီမိုကရေစီစံနှုန်းဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး၊ ပြည်သူကို အကာအကွယ်မပေးသော ဥပဒေများ ဖျက်သိမ်းရေး ဆိုပြီးတော့ ဆန္ဒပြကြတာပါ"

ရွှေဘိုမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ပေးရေး ဆန္ဒပြတောင်းဆိုတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ ရွှေဘိုမြို့ ရန်ကြီးအောင်ပန်းခြံမှာ စုဝေးခဲ့ကြပြီး မြို့ထဲမှာ လမ်းလျှောက်တောင်းဆိုခဲ့ကြပါတယ်။

အလားတူ မကွေးတိုင်းဒေသကြီး သရက်မြို့မှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း- အခန်း ၁၂ မှာပါတဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးဖို့နဲ့ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉ (စ)၊ (ဃ) တို့ကို ဖျက်သိမ်းပေးဖို့ ရာနဲ့ချီတဲ့ ဒေသခံတွေက တောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။