နိုင်ငံရေးပြောင်းလဲအောင် ဖယောင်းတိုင်ထွန်းကြ
2014.04.18

ရန်ကုန်မြို့အခြေစိုက် MDCF ခေါ် ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုအဖွဲ့က နိုင်ငံရေး လှုပ်ရှားမှု တစ်ခုကို မနေ့က ဧပြီလ ၁၈ ရက်နေ့ မနက်နဲ့ ညနေ ၇ နာရီခွဲလောက်မှာ ပြုလုပ်ခဲ့ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီ အင်အားစုများအား အစိုးရ အဖြစ် တာဝန်ပေးအပ်ရေးအတွက် ပြည်သူများ ဖယောင်းတိုင်ထွန်းထောက်ခံကြ ဆိုတဲ့စာတန်းပါ ပိုစတာ ကိုင်ဆောင်ပြီး ဖယောင်းတိုင်ထွန်း လမ်းလျှောက်ချီတက်ကြတာ ဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုနဲ့ပတ်သက်လို့ အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်က RFA ကိုအခုလိုပြောပါတယ်။
"အစိုးရက လူထုပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှုနဲ့ စီမံအုပ်ချုပ်မှု ညံ့ဖျင်းတာကို တွေ့ရှိရတဲ့အတွက် ဒီအစိုးရကို ပြည်ထောင်စုလွှတ်တော်ကနေမှ အမြန်ဆုံး ဒီအစိုးရကို ရုပ်သိမ်းဖို့နဲ့ လူထုထောက်ခံတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားဒီမိုကရေစီ အင်အားစုတွေကို အစိုးရအဖြစ်နဲ့ လူထုကနေတင်မြှောက်တာကို ထောက်ခံကြောင်း မနေ့က ကျတော်တို့ လုပ်တဲ့ပွဲပါ"
သူတို့အဖွဲ့ရဲ့ အခုလှုပ်ရှားမှုကို ဒီနေ့မနက်မှာလဲဆက်လက်ပြုလုပ်သွားမယ်လို့ဆိုပါတယ်။
ကိုထင်ကျော်နဲ့ဆက်သွယ်မေးမြန်းချက်ကိုနားဆင်နိုင်ပါတယ်။