ဒေးလီးမေးလ် မှားရေးခဲ့တဲ့ ကမ္ဘောဒီးယား ကလေး ငယ် နှိပ်စက်သူတွေ ဖမ်းဆီးထားပြီ


2016.12.10
daily-mail-620.jpg ဗြိတိန်အခြေစိုက် Daily Mail သတင်းဌာနရဲ့ Online စာမျက်နှာမှာ ဒီဇင်ဘာလ ၇ ရက်နေ့က မှားယွင်းဖော်ပြခဲ့တဲ့ ကလေးငယ်တစ်ဦးကို နှိပ်စက်ညှဉ်းပန်းတဲ့သတင်းကို တွေ့ရစဉ်
Photo: Daily Mail

ဗြိတိန်နိုင်ငံ Daily Mail ဒေလီးမေးလ် သတင်းဌာနက မြန်မာပြည်မှာဖြစ်ပွားခဲ့တယ်လို့ မှားယွင်း ဖေါ်ပြခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံက ကလေးငယ် ကျဉ်စက်တို့ခံရတဲ့ သတင်းနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ သတင်းတပုဒ် ဖနွမ်းပင်မြို့က ဒီကနေ့ ရရှိခဲ့ပါတယ်။ အဲဒီ ၂ နှစ်သားကလေးကို ကျဉ်စက်နဲ့တို့ခဲ့တဲ့ ဗီယက်နမ်နိုင်ငံသား Nguyen Thanh Dung ငုယင်သန်ဒွန်း ဆိုသူကို ဟိုချီမင်း မြို့မှာ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခဲ့ပြီးနောက် တရားခံက သူဟာ စိတ်ကြွဆေးသုံးစွဲပြီး ကလေးကို နှိပ်စက် မိခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို ဝန်ခံထွက်ဆိုပုံကို ဗီယက်နမ်နိုင်ငံပိုင် မီဒီယာတွေ ကဖေါ်ပြတယ်လို့်လည်း သိရပါတယ်။

ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ ဒီအမှုနဲ့ ပတ်သက်ပြီး မျက်မြင် သက်သေဖြစ်ခဲ့တဲ့ နယ်သာလန်နိုင်ငံသား Stefan စတီဖန် ဆိုသူကိုလည်း ကမ္ဘောဒီးယား တရားရုံး တရုံးက ပြစ်မှုကိုသိပါလျက် အကြောင်းမကြားပဲ ထိန်ချန်မှုနဲ့ မနေ့က စွဲချက်တင်လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။