ဒေါ်အောင်ဆန်းစုကြည် ဘာလင်မြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံ


2014.04.13
dassk-japan-305 ဂျပန်နိုင်ငံ၊ ကျိုတိုမြို့မှာ ဧပြီလ ၁၅ ရက်နေ့က မြန်မာနိုင်ငံ သား မိသားစုတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့စဉ်
photo: Demo Wai Yan

မြန်မာနိုင်ငံ အမျိုးသားရင်ကြားစေ့ရေးအတွက် မွတ်စလင်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့လို အုပ်စုတွေ၊  အဖွဲ့စည်းတွေကို ကွက်ကွက်လေးကြည့်တာ အထောက် အကူမဖြစ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့ က ပြောကြားလိုက်ပါတယ်။

ဂျာမနီနိုင်ငံ ဘာလင်မြို့မှာရှိတဲ့  Federal Press Office ဖယ်ဒရယ်အစိုးရ သတင်းအဖွဲ့ရုံးမှာ ကျင်းပတဲ့ သတင်း စာ ရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားလိုက်တာပါ။ တိုင်းရင်းသား ပဋိပက္ခတွေထဲ ဒီအဖွဲ့တွေ ပါသလား လို့မေးမြန်းတဲ့ အခါ ငြိမ်းချမ်းရေး လုပ်ငန်း စဉ် ဖော်ဆောင်နေတုန်းပဲရှိပြီး တိုင်းရင်းသား အုပ်စုတွေအများကြီးရှိတဲ့အတွက် ဘယ်တိုင်းရင်းသား ဒါမှမဟုတ် ဘယ် အသိုင်းအဝိုင်း အုပ်စုကို မှ ဖော်ညွှန်းပြောကြားတာမဟုတ်ဘူးလို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက် ပြီး ဒေါ်အောင်ဆန်းစုကြည်ပြော ကြားခဲ့တာကို  ဒီ သတင်းစာရှင်းလင်းပွဲမှာ အစီအစဉ်မှူးလုပ်ခဲ့တဲ့ ဂျာမနီနိုင်ငံမှာ နေထိုင်နေတဲ့ ဦးလင်းအောင်သိုက်က ပြန်ပြောပြပါတယ်။

"ဒီကိစ္စကဖြစ်ခဲတဲ့ဟာကို ဖြစ်တယ်ဆိုတာကိုပြောတယ်၊ပြင်စရာတွေများစွာရှိတယ် နောက်ပြီးတော့ တရားဥပဒေစိုးမိုးရေး ကော်မတီကအနေနဲ့က recommendation လုပ်ပေးနိုင်တယ်လို့ပဲပြောတယ်၊ သိပ်တော့လွယ်ကူတဲ့ အရာတော့ မဟုတ်ဘူးပေါ့နော်၊လုပ်ရကိုင်ရတာ တော်တော်ကြပ်ကြပ်တည်းတည်း နဲ့ အချိန်မို့လို့"

ဒီနေ့မနက်ပိုင်းမှာ ဂျာမနီနိုင်ငံရောက်မြန်မာ မိသားစုတွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ရှိပါတယ်။

ဒီ သတင်းစာရှင်းလင်းပွဲအကြောင်း အစီအစဉ်မှူးလုပ်တဲ့ ဦးလင်းအောင်သိုက်ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။