အမေရိကန်စည်းရုံးရေးလုပ်ငန်းကို ငှားရမ်းဖို့ မလိုအပ်လို့ ဒေါ်အောင် ဆန်းစုကြည် ပြောကြား


2015.04.22

မြန်မာအစိုးရက Podesta Group လို့ခေါ်တဲ့ အမေရိကန် စည်းရုံးရေးလုပ်ငန်းတစ်ခုကို တစ်နှစ်စာ အတွက် ဒေါ်လာ ရှစ်သိန်း လေးသောင်းပေးပြီး ငှားရမ်းခဲ့တာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလို ငှားရမ်းဖို့မလိုဘူးလို့ ဝေဖန်ပြောကြားလိုက်ပါတယ်။

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်း နဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူက အခုလို ပြောဆိုခဲ့ တာဖြစ်ပါတယ်။

"ဘာအတွက်ငှားရမ်းမှာလဲဆိုတာကို စိတ်ဝင်စား တယ်၊ သူတို့အတွက်လော်ဘီလုပ်ပေးဖို့ဆိုတာ ဘာအတွက်လော်ဘီလုပ်ပေးဖို့လဲ၊ တကယ်တော့ အစိုးရတစ်ခုရဲ့တာဝန်ဟာ နိုင်ငံသူနိုင်ငံသားတွေ ကောင်းကျိုးကိုဆောင်ရွက်ဖို့ အဲ့ဒီတာဝန်ကျေနေပြီ ဆိုရင် ဒီလိုအဖွဲ့တွေကို ဘာသွားငှားဖို့လိုလဲ"

ဒါ့အပြင် ပါတီအတွင်း လွတ်တော်အမတ်ဖြစ်ချင်သူတွေ များပြားနေကြောင်းနဲ့ စနစ်တကျရွေးချယ်မှာဖြစ်ကြောင်း လည်း သူကပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။