စစ်တပ်ကိုယ်စားလှယ်တွေ ကို ဒေါ်အောင်ဆန်းစုကြည် ထမင်းစားဖိတ်ခေါ်ဦးမည်


2014.12.04
dassk-mecasa-305.jpg ရန်ကုန်မြို့၊ မီကာဆာဟိုတယ်မှာ ၃ ရက်ကြာကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲမှာ တက်ရောက်ဆွေးနွေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
photo: RFA/ Kyaw Zawe Win

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကို လာမယ့်လွှတ်တော် အစည်း အဝေး ပြန်လည် စတင်မယ့်အချိန်အတွင်းမှာ သီးသန့် ထမင်းစားဖိတ်ခေါ်တွေ့ဆုံမယ်လို့ သိရပါတယ်။

လက်ရှိဟာ လွှတ်တော်နားနေတဲ့အချိန်ဖြစ်တာကြောင့် လာမယ့် လွှတ်တော်အစည်းအဝေး ကာလရောက်မှ သီးသန့်တွေ့ဆုံမယ့်အကြောင်း တပ်မတော်သားတွေ ဘက်က စာပြန်ပေးပို့ထားတယ်လို့ အမျိုးသားဒီမိုကရေ စီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူ က ပြောပါတယ်။

"သူတို့ကတော့ ဒီပြီးခဲ့တဲ့လွှတ်တော်မှာ မဖြစ်နိုင်တဲ့ အကြောင်းပေါ့လေ၊ သူတို့လည်း စီစဉ်ထားပြီဖြစ် တဲ့အကြောင်း စာနဲ့တကွအကြောင်းပြန် ပြီး ဖြစ်ပါတယ်၊ လာမယ့်လွှတ်တော်ပြန်စမှပဲ အပြန်လှန်ပေါ့လေ ထမင်းစားဖိတ်တာတွေဖြစ်မှာပါ၊ သူတို့ကဘက်လည်း အဲ့အချိန်ကျရင် ညှိနှှိုင်းပြီးမှ အပြန်အလှန် ညစာစားပွဲတွေ ခင်မင်ရင်းနှီးတာတွေ ဆောင်ရွက်ချင်ပါတယ်၊ ဒါကြောင့် လာမယ့်လွှတ်တော် မှာ ဆောင်ရွက်ဖို့ကိုတော့ ညှိနှှိုင်းတိုင်ပင်မှ အချိန်ပေးပြီးမှပေါ့လေ၊ အချိန်သက်မှတ်ပြီးမှဆောင်ရွက်ဖို့ အကြောင်းပြန်ကြားခဲ့တာ ရှိပါတယ်"

ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေး မပြီးဆုံးခင်အချိန်တုန်းက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ကို ဒေါ်အောင်ဆန်းစုကြည်က နေ့လည်စာဖိတ်ကြားပြီး တွေ့ဆုံကြဖို့ စီစဉ်ခဲ့ပေမဲ့ တပ်မတော်သားတွေဘက်က မဖြစ်နိုင်သေးကြောင်း စာနဲ့တရားဝင် ပြန်လည်အကြောင်းပြန်ခဲ့ပါတယ်။

နောက်ပြန်လည်စတင်မယ့် လွှတ်တော်အစည်းအဝေး အချိန်အတွင်းမှာ အချိန်ပေးပြီး တွေ့ဆုံကြဖို့ကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကြောင်းပြန်ကြားချက်ထဲမှ ပါရှိတဲ့အတွက် ထပ်မံစီစဉ်မှာဖြစ်ကြောင်းလည်း ဦးမင်းသူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။