ကချင်ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်း စုကြည် ကြားဝင်ဖို့တိုက်တွန်း

မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ KIO တို့ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်အတွင်းက စစ်ပွဲများအဆုံးသတ်ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရှိနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကြားဝင်ဆောင်ရွက်ပေးသင့်ကြောင်း PCG ကချင်ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ က ဒီနေ့ ထုတ်ဖေါ်ပြောကြားပါတယ်။

2013.01.05
kia-solider305 လုံခြုံရေးယူထားသည့် KIA စစ်သားများကို တွေ့မြင်ရစဉ်။
Photo:RFA/Kyaw Myo Min

အစိုးရနဲ့ KIO  တို့ ငြိမ်းချမ်းရေးဆွေးနွေးဘို့ PCG အဖွဲ့အနေနဲ့ စားပွဲဝိုင်းပေါ်ရောက်အောင် ပို့ပေးနိုင်ခဲ့ပေမဲ့ ဆွေးနွေးပွဲ စုစုပေါင်း ၁၁ကြိမ်ရှိသွားခဲ့ပြီး ရလဒ်အဖြေတော့တစုံတရာမရရှိခဲ့ဘူးလို့ အကျိုးဆောင်အဖွဲ့က ဦးယွပ်ဇော်ခေါင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ်ကို စည်းရုံးရေးခရီးစဉ်လာရောက်စဉ်ကလည်း ပြည်နယ်ငြိမ်းချမ်းရေးရရှိဖို့ပြောဆိုခဲ့ဖူးကြာင်း ကချင်ပြည်နယ်ကို ဒေါ်အောင်ဆန်းစုကြည် ပစ်ပယ်ထားလိမ့်မယ်လို့ မမျှော်လင့်ကြောင်း ပြောဆိုပါတယ်။

ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့KIO အဖွဲ့ဟာ ၁၉၉၄ခုနှစ်က အစိုးရနဲ့ အပစ်အခပ်ရပ်စဲခဲ့ပြီး ၂၀၁၁ခုနှစ်မှာ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး အစိုးရနဲ့ သဘောထားကွဲလွဲမူတွေဖြစ်ပြီးနောက် ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့က ဦးယွပ်ဇော်ခေါင် ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် က ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။