ဒေါ်အောင်ဆန်းစုကြည် ကော့သောင်းမြို့ သွားမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌနဲ့ ကော့မှူး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ကို သွားရောက်မယ်လို့ စုံစမ်းသိရပါတယ်။

2012.12.17
dassk-kowmu-305 ကော့မှူးမြို့နယ်သို့ ဒီဇင်ဘာ ၁၁ ရက်နေ့က သွားရောက် စဉ် ဒေသခံပြည်သူတွေကို တွေ့ဆုံနှုတ်ဆက်နေစဉ်
Photo: RFA/Sai Htun Aung Lwin

ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲကာလအတွင်းက  တနင်္သာရီ တိုင်းဒေသကြီး မဲဆွယ်စည်းရုံးရေးခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး အခြေအနေကြောင့် ကော့သောင်းမြို့ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရတဲ့အတွက် အခုလို ပြန်လည် သွားရောက်တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့  ကော့သောင်းခရီးစဉ်အတွင်းမှာ ကော့သောင်းဒေသခံ ပြည်သူတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ အဓိက တွေ့ဆုံသွားမှာဖြစ်တဲ့ အပြင် တစ်ခြားသော အဖွ့ဲအစည်းတွေ၊ ပုဂ္ဂိုလ်တွေကိုလည်း တတ်နိုင်သလောက် ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံသွားဖို့ အစီအစဉ်ရှိတယ်လို့  သိရပါတယ်။

ပြည်သူ့လွှတ်တော် အစည်းအဝေးတွေ လတ်တလော ရပ်နားထားချိန်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ် ရွေးကောက်ပွဲကာလက ဖျက်သိမ်းခဲ့ရတဲ့ မကွေးတိုင်းဒေသကြီး ခရီးစဉ်ကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့က သွားရောက်ခဲ့ပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။