ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရေဒီယိုနဲ့ ရုပ်မြင် ဟောပြောချက်မူကြမ်း ဖြတ်တောက်ခံရ
2012.03.08

RFA
စစ်အစိုးရ အဆက်ဆက် မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့ပုံတွေနဲ့ ပြည်သူတွေကို ချုပ်ချယ်ဖို့ ဥပဒေတွေ ပြဋ္ဌာန်းခဲ့ပုံအကြောင်း တင်ပြမယ့် စာသားတွေကို အာဏာပိုင်တွေက ပြောကြားခွင့်မပြုဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေကို ပြောပါတယ်။
“ဥပဒေစိုးမိုးရေး မရှိခဲ့တာပေါ့နော်။ နောက်ပြီးတော့ အဲဒီ စစ်အစိုးရ အဆက်ဆက်က ဥပဒေတွေကို ပြည်သူတွေကို နှိပ်ကွပ်ဖို့ သုံးခဲ့တယ်ဆိုတဲ့ အကြောင်းနဲ့ပတ်သက်လို့ အဲဒီတစ်ပိုဒ်တော့ ဖြတ်ပါတယ်”
ဒီကနေ့ည တင်ဆက်မယ့် “ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်အတွက် ဆက်သွယ် မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုဖြေကြားခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ကို လာမယ့် မတ်လ ၁၂ ရက်မှာ သွားရောက်ပြီး ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးအတွက် ရိုက်ကူးရမယ်လို့ သိရပါတယ်။